စင်ကာပူ မေ ၂၂
စင်ကာပူနိုင်ငံက ကုန်မန်ဆန်ဖာကတ်ဆီ ဘုန်းကြီးကျောင်းမှာ ဗုဒ္ဓနေ့ အထိမ်းအမှတ်ပွဲတော်တစ်စိတ်တစ်ပိုင်းအနေနဲ့ မေ ၂၁ ရက်ညနေပိုင်းမှာ “ခြေလှမ်း သုံးလှမ်း၊ တစ်ခါ ဦးချ” အစဉ်အလာအတိုင်း မြတ်စွာဘုရားရှင်ကို ဗုဒ္ဓဘာသာဝင် ရဟန်းတော်တွေနဲ့ အသက်အရွယ်စုံမှ ကိုးကွယ်ယုံကြည်သူတွေက အလေးအမြတ်ပြု ပူဇော်ခဲ့ကြပါတယ်။

ဘုန်းကြီးကျောင်း ပရဝုဏ်အတွင်းမှာ ဗုဒ္ဓဘာသာသက်ဝင်ယုံကြည်သူ ၁ သောင်းဝန်းကျင်လောက်ဟာ အချိန် ၂ နာရီလောက်ကြာတဲ့ ခြေလှမ်းသုံးလှမ်းတိုင်းမှာ တစ်ခါဦးချရတဲ့ အစဉ်အလာကို ဆောင်ရွက်ရင်း နှုတ်ကနေလည်း မြတ်စွာဘုရားရှင်ရဲ့ အမည်နာမကို ရွတ်ဆိုတာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

အဲဒီလိုအစဉ်အလာအရ ကျင်းပကြတဲ့အခမ်းအနားကတော့ ဗုဒ္ဓဘာသာဝင်တစ်ဦးအနေနဲ့ စဉ်းစားဉာဏ်ကွန့်မြူးတဲ့ အတွေးအကြံတွေ၊ လုပ်ရပ်တွေကို ဖြစ်ထွန်းလာစေဖို့အတွက် ခွန်အားယူတဲ့ သက်ဝင်ယုံကြည်သူတွေရဲ့ ထုတ်ဖော်ပြသမှုတစ်ရပ်လည်းဖြစ်ပါတယ်။
Ref:Straitstimes