အမှန်/အမှား

+++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန် ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့” မုံရွာမြို့နယ် တောပုကျေးရွာက အမျိုးသမီးပျူစောထီးခေါင်းဆောင် အပါအဝင် ၃ ဦးကို NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ PDF တွေ ဖမ်းဆီးသတ်ဖြတ်နေတယ်ဆိုပြီး” စစ်ကောင်စီအကောင့်တုတွေက ဖြန့်ချီနေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။

ဒီအကြောင်းကို ကျော်စွာ၊ ရဲဘညိမ်း၊ snow queen ၊ဟန်ငြိမ်းဦး၊ ကျော်စွာစတဲ့ စစ်ကောင်စီအကောင့်တုတွေက မေ ၁၃ ရက်နေ့မှာ ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ စစ်ကိုင်းတိုင်း မုံရွာမြို့နယ် တောပုကျေးရွာက အမျိုးသ မီးပျူစောထီးခေါင်း ဆောင်အပါအဝင် ၃ ဦးကို မေ ၄ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့ပြီး သူတို့ကို အမျိုးသားညီညွတ်ရေးအစိုး ရ NUG ရဲ့ တရားစီရင်ရေးအတိုင်း ဆောင်ရွက်သွားမယ်လို့ Area 71 PDF Monywa အဖွဲ့ကို မေး မြန်းကာ DVB သတင်းဌာနက ဖော်ပြထားပါတယ်။

Area 71 PDF Monywa အဖွဲရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာတော့ ဖမ်း ဆီးရမိသူတွေဟာ တောပုပျူစောထီးကျေးရွာက အမျိုးသမီးပျူစောထီးခေါင်းဆောင် ခိုင်ခင်ဦး၊ ပျူစောထီး ချစ်ရဲနိုင်ရဲ့ ဇနီး အမျိုးသမီးပျူစောထီးအဖွဲ့ဝင် မိသီး နဲ့ ပျူစောထီး ဌေးညွန့်ရဲ့ဇနီး အမျိုးသမီးပျူစောထီးအဖွဲ့ဝင် အေးမြတ်မွန်တို့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အမျိုးသမီးပျူစောထီးခေါင်းဆောင်ဟာ စစ်ကောင်စီစစ်ကြောင်းတွေနဲ့လိုက်ပြီး မုံရွာမြို့နယ်က ထ နောင်းတောရွာနဲ့ ကြာပိုင်ရွာတွေကို မီးရှို့တဲ့အထဲမှာ သူကိုယ်တိုင်ပါဝင်ခဲ့ပြီး လူနေအိမ်တွေထဲက ပြည်သူတွေရဲ့ပစ္စည်းတွေကိုလည်း အဓမ္မသိမ်းယူခဲ့ပါတယ်လို့ ဝန်ခံထားကြောင်း DVBသတင်းဌာနက ဖော်ပြထားပါတယ်။

Area 71 PDF Monywa အဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်လင့်

https://t.me/aera71pdf/231

DVBသတင်းဌာနက ဖော်ပြထားတဲ့သတင်း

https://mobile.facebook.com/story.php?story_fbid=pfbid02Ppf7tgQo9oxxBZQWMYXEEbNytpzEq9yC2DqFVmeR67s22WHWYkYmSHSkjzqFhPYyl&id=100064451569209&mibextid=Nif5oz&_rdc=1&_rdr

People’s Springသတင်းဌာနက ဖော်ပြထားတဲ့ သတင်း

https://web.facebook.com/LuduNwayOo/posts/pfbid02nottc5rYXRWRFr9MciXUPfUxp4eKV4zoz7xyRNo1TbxdP3jZLkE5iXQS4d2GhYMXl?_rdc=1&_rdr

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.