ဘန်ကောက် မေ ၂၁

လန်ဒန်မြို့ကနေ စင်ကာပူမြို့သို့ ပျံသန်းနေတဲ့ စင်ကာပူလေကြောင်းလိုင်းက လေယာဉ်တစ်စင်းဟာ လေထန်မှုကြောင့် ဒီနေ့ မေ ၂၁ ရက် မွန်းလွဲပိုင်းအချိန် သုဝဏ္ဏဘူမိလေဆိပ်မှာ အရေးပေါ် ဆင်းသက်ခဲ့ရတယ်လို့ သိရပါတယ်။ အဲဒီဖြစ်စဉ်မှာ ခရီးသည်တစ်ဦး သေဆုံးပြီးတော့ တခြားလူ ၃၀ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ဘိုးရင်း ၇၇၇- ၃၀၀ အီးအာလေယာဉ်ပေါ်မှာ လူတစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူတွေရှိတယ်ဆိုတာ ကျနော်တို့ အတည်ပြုနိုင်ပါတယ်။ အဲဒီလောယာဉ်ပေါ်မှာ ခရီးသည် ၂၁၁ ဦးနဲ့ အမှုထမ်း ၁၈ ဦး ရှိပါတယ်။” လို့ လေကြောင်းလိုင်းက ကြေညာချက်ထုတ်ပြန်ထားပါတယ်။ ဒဏ်ရာရရှိသူ ၂၀ ကျော်ကို လေဆိပ်ကနေ ဆမ်မီထီဝေ့ချ်ဆေးရုံကို ပို့ဆောင်ပေးနိုင်ဖို့အတွက် လူနာတင်ယာဉ် ၁၀ စီးကျော်ကို စေလွှတ်ထားတဘ်လို့ ဒေသတွင်းမီဒီယာတွေက ထုတ်ပြန်ပါတယ်။

Flight Aware ရဲ့ ဒေတာအချက်အလက်တွေအရ အဲဒီလေယာဉ်ဟာ လန်ဒန်မြို့က ဟီးသရိုးလေဆိပ်ကနေ ဒေသစံတော်ချိန် မေ ၂၀ ရက် ည ၁၀ နာရီ ၃၈ မိနစ်မှာ ထွက်ခွာလာတာဖြစ်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ သုဝဏ္ဏဘူမိနိုင်ငံတကာလေဆိပ်ကို ဒေသစံတော်ချိန် ညနေ ၃ နာရီ ၄၅ မိနစ်မှာ ဆင်းသက်ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

စင်ကာပူလေကြောင်းလိုင်းကလည်း ယာဉ်ပေါ်က ခရီးသည်တွေအားလုံးနဲ့ ယာဉ်အမှုထမ်းတွေအတွက် ထောက်ပံ့ကူညီပေးလို့ရတာ အားလုံးကို ပေးသွားမှာဖြစ်ကြောင်း၊ ထိုင်းနိုင်ငံက ဒေသအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီးတော့ လိုအပ်တဲ့ဆေးဝါးထောက်ပံ့မှုတွေပေးဖို့လုပ်ဆောင်နေကြောင်းနဲ့ ထပ်ဆောင်းလိုအပ်လာနိုင်တဲ့ အကူအညီတွေကို ပေးဖို့ ဘန်ကောက်မြို့ကို အဖွဲ့တစ်ဖွဲ့စေလွှတ်ထားကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

Ref:BangkokPost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.