နမ့်ဆန်၊ မေ ၁၆

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA သိမ်းပိုက်ခဲ့တဲ့ မြို့ ၇ မြို့နဲ့ တအာင်းပြည် နယ်အတွင်းရှိ စစ်ကောင်စီ လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ Non CDM ဝန်ထမ်းတွေကို တာဝန်မှ ရပ်ဆိုင်းလိုက်တယ်လို့ TNLA က မေ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

TNLA သိမ်းပိုက်ထားတဲ့ နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုင်းငေါ့နဲ့ မိုင်းလုံမြို့အပါအဝင် တအာင်းပြည်နယ် အတွင်းမှာရှိတဲ့ Non CDM ဝန်းထမ်းတွေဟာ လက်ရှိအချိန်မှာ မည်သည့်တာ ဝန်မှ မရှိတော့ဘဲ တာဝန်အာလုံးကို ရပ်ဆိုင်းလိုက်တာလို့ ဆိုပါတယ်။

ဒါ့အပြင် သတ်မှတ်ချက်အရ ပြစ်မှုကျူးလွန်တယ်လို့ သံသယရှိတဲ့ Non CDM ဝန်းထမ်းတွေကို အပြစ်ပေးအရေးယူနိုင်ဖို့အတွက် သက်ဆိုင်ရာက ဖမ်းဆီးတာ၊ တိုင်ကြားမှုအရ ဖမ်းဆီးပြီး အဆင့် ဆင့် စစ်ဆေးအရေးယူတာစတဲ့ သတ်မှတ်ထားတဲ့ စီမံချက်အတိုင်း အပြစ်ပေး အရေးယူသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

တစ်ဖက်မှာလည်း တအာင်းပြည်နယ်အတွင်း ဆက်လက်နေထိုင်နေတဲ့ Non CDM ဝန်ထမ်းတွေဟာ စစ်ကောင်စီထံမှ လစာ/ငွေကြေး ထုတ်ယူတာမျိုး၊ လုပ်ငန်းပူးပေါင်းဆောင်ရွက်တာမျိုးနဲ့ အစီ ရင်ခံစာတွေ ပေးပို့တာစတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တွေ့ရှိပါက အပြစ်ပေးအရေးယူသွားမယ်လို့ အသိပေးထားပါတယ်။

ဒါပေမယ့် တအာင်းတပ်မတော်က ပြစ်မှုကျူးလွန်တဲ့ Non CDM ဝန်ထမ်းတွေကို ဘယ်လိုအပြစ် ပေး အရေးယူသွားမယ်ဆိုတာကိုတော့ တိတိကျကျ ဖော်ပြထားခြင်းမရှိပါဘူး။

၁၀၂၇ စစ်ဆင်ရေး စတင်တဲ့ကာလမှ စပြီး ဒီနေ့အချိန်ထိ မြို့ ၇ မြို့နဲ့ PSLF အုပ်ချုပ်နယ်မြေအ တွင်းမှာ လူထုအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်တဲ့ စီမံအုပ်ချုပ်ရေး လုပ်ငန်းတွေကို သက်ဆိုင်ရာ ပြည်သူလူထုနဲ့ အတူ ပူးပေါင်းပြီး အကောင်အထည် ဖော်ဆောင်ရွက်နေတယ်လို့ TNLA က အသိပေးထားပါတယ်။

ရှမ်းမြောက်မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုဖြင့် ယာယီအပစ်ခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုပြီးကတည်းက တိုင်းရင်းသား လက်နက်ကိုင်တွေဟာ မိမိတို့သိမ်းပိုက်ထားတဲ့ မြို့နယ်တွေမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးယန္တရားကို အကောင်အထည် ဖော်နေကြတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.