ဘီးလင်း၊ မေ ၁၆

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ ကျေးရွာတွေထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက မေ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ၃ ရက်အတွင်း စစ်ကောင်စီရဲ့ သထုံနဲ့ဘီးလင်းမြို့ နယ်အခြေစိုက် တပ်ရင်းတွေကနေ တိုက်ပွဲမရှိဘဲ အရပ်သားပြည်သူတွေ နေထိုင်ရာကျေးရွာတွေထဲကို လက်နက်ကြီး အမြောက်အမြား ပစ်ခတ်ခဲ့တာပါ။

လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေါက်ရပ်ကျေးရွာနေ အသက် ၈၂ နှစ်အရွယ် အဘွားအို ဒေါ်ခင်မေ၊ အဝန်းကြီးကျေးရွာနေ ဦးဇော်မင်းထွန်းနဲ့ဒေါ်မြသိန်းတို့ ထိမှန်သေဆုံးခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် ဒေါက်ရပ်ကျေးရွာက ဒေသခံ ၁၃ ဦး၊ ရွှေရောင်ပြကျေးရွာက ဒေသခံ ၂ ဦး၊ စုစုပေါင်း ၁၅ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ဒေသခံ နေအိမ် ၂၅ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော် ပြပါရှိပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေါက်ရပ်၊ အဝန်းကြီး၊ ခလောက်အင်း၊ ရွှေ ရောင်ပြ၊ ဇီးဝန်း၊ ပန်းအောင်ကုန်း၊ မရမ်းကုန်း၊ မိချောင်းအိုင်ကျေးရွာတွေက ဒေသခံပြည်သူ ၄၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.