Members of rescue teams stand at a damaged fuel station after a massive billboard fell during a rainstorm in Mumbai, India, May 14, 2024. REUTERS/Hemanshi Kamani

မွမ်ဘိုင်း၊ မေ ၁၄

အိန္ဒိယရဲ့ ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းမှာ ပြင်းထန်တဲ့ မုန်တိုင်း တိုက်ခတ်ချိန်အတွင်း ကြော်ငြာဆိုင်းဘုတ်ကြီးတစ်ခု ပြိုကျမှုကြောင့် လူ ၁၂ ဦး သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အရာရှိတွေက မေ ၁၃ ရက်နေ့မှာ ပြောကြားပါတယ်။

မြို့ရဲ့ အရှေ့ဖက်က ဓာတ်ဆီဆိုင်တစ်ခုမှာ အဲဒီကြော်ငြာဆိုင်းဘုတ်ကြီး ပြိုကျသွားပြီးနောက် အောက်မှာ ဒါဇင်နဲ့ချီတဲ့လူတွေ ပိတ်မိနေတာကြောင့် ကယ်ဆယ်ရေးသမားတွေက အသက်ရှင်ကျန်ရစ်သူတွေကို အလျင်အမြန်ရှာဖွေနေစဉ်မှာ အပျက်အစီးတွေကို မြေတူးစက်နဲ့ ရှင်းလင်းနေခဲ့ရပါတယ်။

ဆိုင်းဘုတ်ရဲ့ အပျက်အစီးပုံအနီးက အလောင်း ၈ လောင်းကို ဖယ်ရှားထားပြီးဖြစ်တယ်လို့ အမျိုးသား သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေး အဖွဲ့ NDRF ရဲ့ စုံစမ်းစစ်ဆေးရေးမှူး ဂေါ်ရာချော်ဟန်က ပြောပါတယ်။

Members of rescue teams search for survivors amidst the debris after a massive billboard fell during a rainstorm in Mumbai, India, May 14, 2024. REUTERS/Hemanshi Kamani

နောက်ထပ် ရုပ်အလောင်း ၄ လောင်းကတော့ အပျက်အစီးတွေထဲမှာ နစ်မြုပ်နေဆဲ ဖြစ်တယ်လို့ သူက ဖြည့်စွက်ပြောကြားပါတယ်။

ရုပ်အလောင်းတွေရှိနေတဲ့ နေရာကို ရှာတွေ့ထားပြီး ဖြစ်ပေမယ့် ဓာတ်ဆီပန့်ခ်ကြောင့် အန္တရာယ်ကြီးမားနိုင်တဲ့အတွက် ဖယ်ရှားဖို့ ခက်ခဲနေတယ်လို့ သူက ပြောပါတယ်။

အစောပိုင်းမှာထုတ်ပြန်တဲ့ မြို့တော်အာဏာပိုင်အဖွဲ့ရဲ့ ကြေညာချက် တစ်ရပ်မှာ လူ ၆၀ ကို ကယ်ဆယ်ပေးနိုင်ခဲ့ပြီး ဆေးရုံတင်ထားတယ်လို့ ဖော်ပြခဲ့ပါတယ်။

အလျား၊အနံ မီတာ ၇၀၊၅၀ အကျယ်ရှိတဲ့ ကြော်ငြာဆိုင်းဘုတ်ကြီး ပြိုကျသွားတာ ဖြစ်တယ်လို့ မွမ်ဘိုင်းမြို့ ရဲတပ်ဖွဲ့က လူမှုမီဒီယာမှာ ဖော်ပြထားပါတယ်။

မွမ်ဘိုင်းမြို့မှာ မေ ၉ ရက်က မိုးသည်းထန်ပြီးနောက် လေပြင်းတွေကျရောက်ခဲ့တာကြောင့် သစ်ပင်တွေ အမြစ်လန်လဲကျပြီး ရထားပြေးဆွဲမှုတွေ အနှောင့်အယှက်ဖြစ်ခဲ့ရသလို ဓာတ်အားပြတ်တောက်မှုလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

မွန်ဘိုင်းမြို့က နိုင်ငံတကာလေဆိပ်မှာလည်း လေကြောင်း ခရီးစဉ်တွေကို ယာယီရပ်ဆိုင်းခဲ့ရပြီး အနည်းဆုံးလေကြောင်းခရီးစဉ် ၁၅ ခုဟာလမ်းကြောင်းပြောင်းလဲ ပျံသန်းခဲ့ရတယ်လို့ အိန္ဒိယမီဒီယာက ဖော်ပြထားပါတယ်။

ဒီဖြစ်ရပ်ကို အဆင့်မြင့် စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ရေး ညွှန်ကြားထားတယ်လို့ မဟာရက်ချ်တရား ပြည်နယ် လက်ထောက်ဝန်ကြီးချုပ်က ပြောပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.