May 14, 2024

စစ်အာဏာသိမ်း (၁၁၉၉) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၀၅၀) ဦးအထိရှိလာ

မော်လမြိုင်၊ မေ၁၅ AAPP ရဲ့ မေ ၁၄ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၁၉၉) ရက်အတွင်း ပြည်သူ (၅၀၅၀ ) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၆၇၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၂၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

မော်လမြိုင်-ရန်ကုန်ကားလမ်း ပြတ်တောက်မှု ခရီးသွားပြည်သူတွေ ဘယ်လိုအခက်ကြုံနေရလဲ

မော်လမြိုင် ၊ မေ ၁၅ မော်လမြိုင်-ရန်ကုန်ပြည်ထောင်စုလမ်းပိုင်းပေါ်မှာရှိတဲ့ ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရပြီးနောက် တံတားကို ရှောင်ကွင်းသွားတဲ့ ကျေးရွာချင်းလမ်းပိုင်းမှာ နေ့စဉ်ကုန်တင်ကားတွေအပါအ ဝင် ခရီးသည်ယာဉ် ရာနဲ့ချီ ပိတ်နေကြပါတယ်။ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာရှိ ကျုံအိတ်တံတားဟာ ပြီးခဲ့တဲ့ မေ ၁၁ ရက်နေ့ မနက် ၂ နာရီအချိန်ခန့်မှာ မိုင်းခွဲဖျက်ဆီးခံရတာကြောင့် အရင်ကျန်ရှိတဲ့ ကွန်ကရစ်တံတားအပါအ ဝင်…

KNU နယ်မြေမှာ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦးသေဆုံး ၆ ဦးဒဏ်ရာရ

တောင်ငူ၊ မေ ၁၅ ကော်သူးလေအုပ်ချုပ်နယ်မြေ တပ်မဟာ ၂ တောင်ငူခရိုင်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် ကလေးတစ်ဦးအပါအဝင် အရပ်သားပြည်သူ ၅ ဦး သေဆုံးပြီး ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်ကနေ သိရပါတယ်။ ပြီးခဲ့တဲ့ မေ ၅ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်က KNU…

ထားဝယ်မြို့အဝင်ဂိတ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၂ ဦး သေဆုံး

ထားဝယ်၊ မေ ၁၅ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အိမ်ရှေ့ပြင်ရပ်ကွက်ရှိ စစ်ကောင်စီရဲ့ မြို့ဝင်စစ်ဆေးရေးဂိတ် ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ဗထူးတပ်မတော်ထံက သိရပါတယ်။ ပြီးခဲ့တဲ့ မေ ၁၃ ရက် နေ့လည် ၁၂ နာရီခွဲအချိန်ခန့်မှာ အင်အား ၂၀ ဝန်းကျင် တပ်စွဲထားတဲ့ အဲဒီစစ် ဆေးရေးဂိတ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA…

မွန်ပြည်နယ်မှာ စစ်မှုထမ်းအပတ်စဉ် ၂ သင်တန်းစပေး

မော်လမြိုင် ၊ မေ ၁၅ စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ မွန်ပြည်နယ်မှာ စစ်မှုထမ်းအပတ် စဉ် ၂ သင် တန်းအား မေ ၁၄ ရက်နေ့မှာ ထပ်မံဖွင့်လှစ်လိုက်တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ စစ်မှုထမ်းအပတ်စဉ် ၂ သင်တန်းအား သံဖြူဇရပ်မြို့ နယ်ရှိ ဝဲကလိကျေးရွာအခြေစိုက် တကက ၄ လို့ခေါ်တဲ့ အမှတ်…

မကွေးက တောမရွာ လေယာဉ်နဲ့ဗုံးကြဲခံရလို့ အရပ်သား ၇ ဦး သေဆုံး ၉ ဦး ဒဏ်ရာပြင်းထန်

ဆော၊ မေ ၁၄ မကွေးတိုင်း ဆောမြို့နယ် တောမကျေးရွာကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ဗုံး ကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၇ ဦး သေဆုံးပြီး ၉ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ဒီနေ့ မေ ၁၄ ရက်နေ့ နေ့လည် ၃ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာ လေယာဉ်တစ်စီးဟာ တိုက်ပွဲမရှိဘဲ…

ကျုံအိတ်တံတား လာပြင်တဲ့အဖွဲ့ ဒရုန်းနဲ့တိုက်ခိုက်ခံရ

ဘီးလင်း၊ မေ ၁၄ မိုင်းခွဲခံရတာကြောင့် ပြိုကျပျက်စီးသွားတဲ့ ကျုံအိတ်တံတား လာရောက်ပြင်ဆင်လာတဲ့အဖွဲ့ ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့အတွက် ပြင်ဆင်မှု ရပ်နားပြီး ပြန်လာခဲ့ရတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေထံက သိရပါတယ်။ မွန်ပြည်နယ် ဘီးလင်းမြို့နယ်အစပ် ရွှေရောင်ပြကျေးရွာ မော်လမြိုင်- ရန်ကုန်ကားလမ်းပေါ်မှာရှိတဲ့ ကျုံအိတ်တံတားကို မေ ၁၁ ရက်နေ့ မနက်ပိုင်းမှာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ပြိုကျပျက်စီးခဲ့ပါတယ်။ အဲဒီနောက် ပြိုကျပျက်စီးသွားတဲ့တံတားအား မေ…

သရက်ချောင်းမှာ လေယာဉ်နဲ့ဗုံးကြဲမှုကြောင့် ဒေသခံ ၅၀၀၀ ကျော် တိမ်းရှောင်နေရ

သရက်ချောင်း၊ မေ ၁၄ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ကျေးရွာတွေထဲကို စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူလူထု ၅၀၀၀ ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ မေ ၈ ရက်နေ့က ပဲဒက်တပ်စခန်း သိမ်းပိုက်ခံလိုက်ရတဲ့ စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူတွေနေထိုင်တဲ့ ကနက်သီရီ၊ ရငဲနဲ့ ဂုံးညင်းဆိပ်ကျေးရွာတို့ကို နှစ်ရက်ဆက်တိုက် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့ပါတယ်။…

နောင်ချိုမှာ လက်နက်ကြီးကျလို့ အရပ်သား ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

နောင်ချို၊ မေ ၁၄ ရှမ်းပြည်နယ် နောင်ချိုမြို့နယ်ထဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၂ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ မေ ၁၄ ရက်နေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မေ ၁၀ ရက်နေ့ ည ၈ နာရီအချိန်ခန့်မှာ…

တရုတ်နဲ့ ကမ္ဘောဒီးယားတို့ရဲ့ နှစ်စဉ် စစ်ရေးလေ့ကျင်မှု စတင်

ဖနွမ်းပင်၊ မေ ၁၄ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရေး၊ စစ်ရေးအတွေ့ အကြုံ ဖလှယ်ရေးအတွက် ရည်ရွယ်ကာ တရုတ်နဲ့ ကမ္ဘောဒီးယားတို့ရဲ့ နှစ်စဉ် ရွှေနဂါးစစ်ရေး လေ့ကျင့်မှုကို အခုသီတင်းပတ်မှာ စတင်ပြုလုပ်သွားမယ်လို့ ကမ္ဘောဒီးယား အရာရှိတစ်ဦးက မေ ၁၃ ရက်နေ့မှာ ပြောကြားပါတယ်။ ကမ္ဘောဒီးယားတပ်ဖွဲ့ဝင် ၁၃၁၅ ဦးနဲ့ တရုတ် တပ်ဖွဲ့ဝင် ၇၆၀ ဦးတို့ဟာ…