သထုံ၊ မေ ၁၁

မွန်ပြည်နယ် သထုံမြို့နယ် နောင်ဘိုကျေးရွာ အနန်းကုန်းပိုင်း လယ်ကွင်းထဲမှာ အမျိုသမီးငယ်တစ်ဦး အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အန်ဂလုံးဝိုင်းအလုပ်သမားဖြစ်တဲ့ အသက် ၂၄ နှစ်အရွယ် မမိုးနန္ဒာထွန်းကို အနန်းကုန်းပိုင်း လယ် ကွင်းထဲမှာ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့တာပါ။

မမိုးနန္ဒာထွန်းရဲ့ ရုပ်အလောင်းပြန်တွေ့ချိန်မှာ နောက်ကျောထိုးသွင်းဒဏ်ရာ တစ်ချက်၊ ယာလက် မောင်းပြတ်ရှဒဏ်ရာ၊ ဝဲလက်မောင်းထိုးသွင်းဒဏ်ရာ၊ ဝဲလက်ဖျံပြတ်ရှဒဏ်ရာ၊ ယာရင်ဘတ်ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံး နေပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ မမိုးနန္ဒာထွန်းဟာ သထုံဒေသခံ မဟုတ်ဘဲ ရှမ်းပြည်နယ်ဘက်ကနေ အာဝါဒေးဝိုင်းအန်ဂလုံးခုံမှာ အလုပ်လုပ်နေတာဖြစ်ပြီး ဘာကြောင့် အသတ်ခံရလဲဆိုတာ မသိရဘူးလို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ မမိုးနန္ဒာထွန်းရဲ့ ရုပ်အလောင်းကိုတော့ လူမှုကယ်ဆယ်ရေးအဖွဲ့ အကူအညီနဲ့ သိမ်ဇရပ်တိုက်နယ် ဆေးရုံထံ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

နောင်ဘိုကျေးရွာ အနန်းကုန်းပိုင်းမှာ အာဝါဒေးလောင်းကစားဝိုင်းလုပ်နေတာ လချီရှိနေပြီး မေလပထမအပတ်တုန်းကလည်း ကစားဝိုင်းအနီး မိုင်းကွဲမှုဖြစ်ပေါ်ခဲ့တဲ့အတွက် ကစားဝိုင်းလာသူတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သေးတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့ကလည်း နောင်ဘိုကျေးရွာ အကောင်းကြိုက်လက်ဖက်ရည်ဆိုင်အ နောက်ဖက် သက္ကဘုရားသွားလမ်းဘေးမှာ အုတ်ဖိုလုပ်ငန်းရှင် ၁ ဦး သတ်ဖြတ်ခံခဲ့ရပြီး လက်ရှိအချိန်အထိ တရားခံမမိသေးဘူးလို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.