မြဝတီ မေ ၁၁
ထိုင်းနဲ့ မြန်မာနယ်စပ်မှာရှိတဲ့ မဲဆောက်နဲ့ မယ်လမတ်မြို့တို့ကနေ ကရင်ပြည်နယ်၊ မြဝတီမြို့နားက ရွှေကုက္ကိုလ်မြို့သစ်နဲ့ KK Park တို့မှာရှိတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ သုံးစွဲဖို့အတွက် ရရှိထားတဲ့ အင်တာနက်လိုင်းတွေကို မေ ၉ ရက်နေ့ကစလို့ ထိုင်းဘက်ကနေ ဖြတ်တောက်လိုက်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မြေအောက် အင်တာနက်လိုင်း၊ မြန်မာပြည်ဘက်က အင်တာနက်လိုင်းနဲ့ starlink တို့လို ပုဂ္ဂလိက အင်တာနက်လိုင်းတွေကြောင့် လုပ်ငန်းတွေ ဆက်လက်လည်ပတ်နေတုန်းပဲလို့ သံလွင်တိုင်းမ်က စုံစမ်းသိရှိရပါတယ်။
ထိုင်းဘက်က အခုလိုမျိုးဖြတ်တောက်လိုက်ပေမယ့် တရုတ်အွန်လိုင်းငွေလိမ်လုပ်ငန်းတချို့က မြန်မာဘက်က ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေနဲ့ ချိတ်ဆက်ပြီး အလုပ်လုပ်နေတယ်လို့ သိရပါတယ်။ မြဝတီမြို့နယ် ရွှေကုက္ကိုလ်မြို့သစ်နဲ့ KK Park မြို့သစ်စီမံကိန်းတွေဘက်ကို ထိုင်းဘက်က အင်တာနက်လိုင်းတွေ လျှပ်စစ်မီးတွေ ဖြတ်ထားပေမယ့် KK Park နားမှာရှိတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကတော့ ဆက်လက်လည်ပတ်နေသေးတာလည်းဖြစ်ပါတယ်။
အခုလက်ရှိတော့ ကရင်နယ်ခြားစောင့်တပ် BGF ရဲ့ စည်းကမ်းသိမ်းထိန်းရေးအဖွဲ့ကတော့ မြဝတီမြို့နဲ့အနီးတဝိုက်က ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသားတွေကို အချိန်ငါးလအတွင်း ထွက်ခွာဖို့ သတိပေးထားပေမယ့် လုပ်ငန်းတေွဆက်လက်လုပ်ကိုင်နေပြီး ဝန်ထမ်းသစ်ခေါ်ယူမှုတွေ လုပ်ဆောင်နေသေးတယ်လို့လည်း သိရပါတယ်။
လတ်တလောမှာတော့ ကရင်နယ်ခြားစောင့်တပ် (BGF) စည်းကမ်းထိမ်းသိမ်းရေးအဖွဲ့က မြဝတီမြို့ထဲက ငွေလိမ်လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေကို ငါးလအတွင်း ထွက်ခွာသွားဖို့ သတိပေးထားပေမဲ့အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ဒီနေ့အထိ ဆက်လက်လုပ်ကိုင်နေကြသလို အလုပ်သမားအသစ်တွေလည်း ခေါ်ယူတာတွေ ဆက်ပြီး ရှိနေတယ်လို့ မြဝတီဒေသခံတွေက ပြောပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – BNI