တနင်္သာရီ၊ မေ ၁၂
စစ်ရေးအရ အရေးပါတဲ့ တနင်္သာရီတိုင်း တနင်္သာရီနဲ့ ဘုတ်ပြင်းမြို့နယ်အစပ်ရှိ စစ်ကောင်စီရဲ့၁၀၂၀ ပွိုင့်စခန်း ကုန်းကို မေ ၁၁ ရက်နေ့ မနက်ပိုင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အဲဒီ ၁၀၂၀ ပွိုင့်စခန်းကုန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့မှာ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁၂ ရက်ကြာမှာ စခန်းတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပါတယ်။
တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ဝိုင်းရံပိတ်ဆို့ထားတဲ့ ၁၀၂၀ ပွိုင့်စခန်းကုန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအားလုံး စခန်းစွန့်ခွာထွက်ပြေးသွားတဲ့အတွက် အပြီးသတ်သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ၁၀၂၀ ပွိုင့်စခန်းကုန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတဲ့အတွက် အသေးစိတ် မကြာမီထုတ်ပြန်ပေးမယ်လို့ ဆိုပါတယ်။
၁၀၂၀ ပွိုင့်စခန်းကုန်းဟာ ပြည်ထောင်စုလမ်းပိုင်းဖြစ်တဲ့ မြိတ်-ဘုတ်ပြင်း-ကော့သောင်း ကားလမ်းပေါ်မှာတည်ရှိနေပြီး စစ်ကောင်စီအတွက် စစ်ရေးအရ အလွန်ရေးပါတဲ့ စခန်းတစ်ခုလည်း ဖြစ်ပါတယ်။
အဲဒီစခန်းကုန်း မကျရေးအတွက် စစ်ကောင်စီဘက်က စစ်ကူစစ်ကြောင်း စေလွှတ်ခဲ့ပေမယ့် တော် လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ဖွဲ့စည်းပုံပြီး တပ်ပြန်ဆုတ်သွားခဲ့ရတယ်လို့ သိရပါတယ်။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ တနင်္သာရီတိုင်းမှာ အခုနှစ်အတွင်း တော် လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီရဲ့ တပ်စခန်း ၈ ခုအထိ သိမ်းပိုက်ရရှိထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Black PDF