မော်လမြိုင်၊ မေ ၇

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ၃ သန်းကျော်အထိ စံချိန်တင်မြင့်တက်လာတယ်လို့ UN Myanmar ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

မေ ၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ UN Myanmar ရဲ့ အစီရင်ခံစာအရ ပြင်းထန်လာတဲ့ ပဋိပက္ခတွေကြောင့် စစ်ဘေးဒုက္ခသည် ၃ သန်းကျော်အထိ မြင့်တက်လာပြီး ဒီအရေအတွက်ဟာ ၆ လအတွင်း ၅၀ ရာခိုင်နှုန်း ခုန်တက်လာတာလို့ ဆိုပါတယ်။

စစ်ဘေးဒုက္ခသည် ၃ သန်းအနက် ၂ ဒသမ ၇ သန်းကျော်ဟာ ပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး အဲဒီထဲမှာ ကလေးသူငယ် သုံးပုံတစ်ပုံ ပါဝင်တယ်လို့ UN Myanmar ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။

နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် အရေအတွက်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက် တိုဘာလကစပြီး စစ်ကောင်စီရဲ့ ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာတဲ့အ တွက် သိသိသာသာ မြင့်တက်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီထဲမှာ ချင်း၊ မကွေးနဲ့ စစ်ကိုင်းတိုင်းတို့မှာ လူဦးရေ ၁ ဒသမ ၅ သန်းနီးပါး အိုးမဲ့အိမ်မဲ့ဖြစ်မှု အများဆုံးဖြစ်ပြီး တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာလည်း လူပေါင်း ၃၅၆,၀၀၀ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပဲခူး၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်း အရှေ့ တောင်ပိုင်းဒေသတို့မှာလည်း လူဦးရေ ၉ သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ UN Myanmar ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- MSFC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.