May 7, 2024

စစ်အာဏာသိမ်း (၁၁၉၂) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၉၇၃) ဦးအထိရှိလာ

မော်လမြိုင်၊ မေ ၈ AAPP ရဲ့ မေ ၇ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၁၉၂) ရက်အတွင်း ပြည်သူ (၄၉၇၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၆၃၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၁၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

စစ်မှုထမ်းဥပဒေကြောင့် မွန်ပြည်နယ်မှာ လုပ်သားရှားပါးမှုပြဿနာ အကြီးအကျယ်ရင်ဆိုင်နေရပြီ

မော်လမြိုင် ၊ မေ ၈ စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် မွန်ပြည်နယ်အတွင်းရှိ လူငယ်လူရွယ်တွေ ပြည်ပနိုင်ငံတွေထံ အလုံးအရင်းနဲ့ ထွက်ခွာမှုတွေ ရှိလာတဲ့အတွက် ဒေသတွင်းမှာ လုပ်သားရှားပါးမှု အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီလို့ လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်မှုထမ်းဥပဒေကြောင့် လူငယ်လူရွယ်တွေ အလုံးအရင်းနဲ့ ပြည်ပနိုင်ငံတွေထံ ထွက်ခွာမှုတွေ ရှိလာတာကြောင့် ဒေသတွင်းက ဆောက်လုပ်ရေး လုပ်ငန်းတွေ၊ စက်ရုံအလုပ်ရုံတွေ၊…

နိုင်ငံခြားရေးဝန်ကြီး အသစ်နဲ့အတူ ထိုင်းနိုင်ငံခြားရေး မူဝါဒပြောင်းလဲလာနိုင်

ဘန်ကောက်၊ မေ ၈ နိုင်ငံခြားရေးဝန်ကြီးအသစ်နဲ့အတူ ထိုင်းနိုင်ငံခြားရေးမူဝါဒ ဘယ်လိုဖြစ်လာမလဲဆိုတာ လော လောဆယ်မှာ မသေချာမရေရာဖြစ်နေတယ်လို့ ဘန်ကောက်ပို့စ်သတင်းဌာနက ဖော်ပြပါတယ်။ ပြီးခဲ့တဲ့နှစ်က ဖျူထိုင်းပါတီအစိုးရ တက်လာပြီးနောက် ထိုင်းနိုင်ငံရဲ့ သဘောထားဟာ အပေါင်း လက္ခဏာဆောင်ပြီး ဒေသဆိုင်ရာနဲ့ နိုင်ငံတကာမှာ ပုံရိပ်ကောင်းလာခဲ့ပါတယ်။ ဒါပေမဲ့ လက်ထောက်ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန် ကြီး ပမ်ပရီဘာဟီဒါ နူကာရာ နုတ်ထွက်သွားပြီးနောက် ထိုင်းနိုင်ငံခြားရေးမူဝါဒ ထိခိုက်မှုရှိ၊မရှိဆိုတဲ့…

ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတွေမှာ တပ်အင်အားတိုးချဲ့ထား

ရေး ၊ မေ ၈ မွန်ပြည်နယ်ရဲ့တစ်ခုတည်းသော စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ကြေညာထားတဲ့ ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတချို့မှာ လက်နက်ကြီးနဲ့ တပ်အင်အားတိုးချဲ့ထားတယ်လို့ မွန်ပြည်တော်လှန် ရေးတပ် MSRF ကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလကတည်းက ရေးမြို့ နယ်က ခေါဇာမြို့ အခြေစိုက် ခလရ ၃၁ ၊ ကိုးမိုင်အခြေစိုက် ခလရ ၂၉၉ နဲ့ မွန်-တနင်္သာရီ နယ်ခြားမျဉ်းပေါ်ရှိ…

တရုတ်စစ်တပ်ကြောင့် တပ်ဖွဲ့ဝင်တွေ အန္တရာယ်ကျရောက်မှု လက်မခံနိုင်ဘူးလို့ သြစတြေးလျ ဝန်ကြီးချုပ်ပြော

ဆစ္စဒနီ ၊ မေ ၈ မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂက ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေ အသက်ဝင်ရေး ဆောင်ရွက်နေချိန် တရုတ်စစ်တပ်ကြောင့် မိမိတို့စစ်သားတွေ နိုင်ငံတကာလေပိုင်နက်မှာ အန္တရာယ်ကျရောက်မှုဟာ လက်မခံနိုင်ဘူးလို့ သြစတြေးလျ ဝန်ကြီးချုပ်အန်တိုနီ အယ်ဘာနိစ်က မေ ၇ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ပင်လယ်ဝါအပေါ်မှာ အန္တရာယ်မကင်းဘဲ လက်မခံနိုင်ရာဖြစ်တဲ့ ထိပ်တိုက်တွေ့ဆုံမှုအတွင်း သြစတြေးလျ စစ်ဖက်ဆိုင်ရာ ရဟတ်ယာဉ်တစ်စီးဟာ တရုတ်တိုက်လေယာဉ်ကြောင့်…

တိုက်ပွဲကြောင့် ဘုတ်ပြင်း-တနင်္သာရီလမ်းပိုင်း ပြန်မဖွင့်သေးလို့ ဒေသခံတွေအခက်ကြုံ

တနင်္သာရီ၊ မေ ၈ နှစ်ဖက်တိုက်ပွဲကြောင့် တနင်္သာရီတိုင်းရှိ ဘုတ်ပြင်း-တနင်္သာရီ ပြည်ထောင်စုလမ်းပိုင်း ၁၀ ရက်နီးပါးကြာ ဖြတ်သန်းသွားခွင့် ကန့်သတ်ထားတဲ့အတွက် ကုန်ပစ္စည်းတင်ပို့မှုအပါအဝင် သွားရေးလာရေးကအစ အခက်အခဲ ဖြစ်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်နေ့ကစပြီး ဘုတ်ပြင်းနဲ့တနင်္သာရီနယ်စပ်ရှိ စစ်ကောင်စီရဲ့ ၁၀၂၀ ပွိုင့်ကုန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ရာကနေ မေ ၇…

မြန်မာနိုင်ငံမှာ စစ်ဘေးဒုက္ခသည် ၃ သန်းကျော်အထိ စံချိန်တင်မြင့်တက်

မော်လမြိုင်၊ မေ ၇ မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ၃ သန်းကျော်အထိ စံချိန်တင်မြင့်တက်လာတယ်လို့ UN Myanmar ရဲ့ အစီရင်ခံစာအရ သိရပါတယ်။ မေ ၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ UN Myanmar ရဲ့ အစီရင်ခံစာအရ ပြင်းထန်လာတဲ့ ပဋိပက္ခတွေကြောင့်…

မုန်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၁၆ လုံးပျက်စီး

မုန်း၊ မေ ၇ ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ မုန်းမြို့နယ်အတွင်းရှိ ကျေးရွာတွေထဲကို စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၁၆ လုံး ထိ ခိုက်ပျက်စီးခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မေ ၁ ရက်နေ့ တစ်ရက်တည်း KNU မုန်းမြို့နယ်ရဲ့ ကျေးရွာတွေဖြစ်တဲ့ မိုညှင်းဒဲ၊ ကွီးဒိုခေါ်၊…

ဗန်းမော်က ရဲစခန်းနဲ့ကာကင်းဂိတ်စခန်းတို့ကို KIA ပူးပေါင်းတပ်တွေသိမ်းပိုက်

ဗန်းမော် ၊ မေ ၇ ကချင်ပြည်နယ် ဗန်းမော်ခရိုင်က မြို့နယ် ၃ ခုမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ကချင်လွတ်မြောက် ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်နေပြီး စခန်းတချို့ သိမ်းပိုက်ရရှိထားတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ မေ ၇ ရက် မနက်အစောပိုင်းကစပြီး မိုးမောက်မြို့၊ မံစီမြို့နဲ့ ဗန်းမော်မြို့ရှိ စစ်ကောင်စီ တပ်စခန်းတွေကို…