ဖာပွန်၊ မေ ၇

ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေမှာ လာရောက်အခြေချ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း ၅ ခု ထပ်မံစွန့်ခွာထွက်ပြေးသွားတယ်လို့ KNU တပ်မဟာ ၅ က မေ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အဲဒီတပ်စခန်းတွေဟာ ဖာပွန်ခရိုင်အတွင်းက သူးမွဲထာ၊ ကောကော်ထာ၊ ညာတဃိုကျိုး၊ ဟော်မုဒဲနဲ့ မယ်ဝေ ဘလယ်ကျိုးစခန်းတို့ဖြစ်ကြပြီး ပြီးခဲ့တဲ့ ဧပြီလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းကို စွန့်ခွာထွက်ပြေး သွားခဲ့ကြတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ် စွန့်ခွာထားရစ်ခဲ့ကြတဲ့ တပ်စခန်းတွေထဲမှာ ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကမ်းနားရှိ ကောကော်ထာစခန်းနဲ့ သံလွင်မြစ်နဲ့ သောင်ရင်းဆုံရှိ သူးမွဲထာ တပ်စခန်းတွေလည်း ပါဝင်နေတာဖြစ်ပါတယ်။

KNU ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် KNLA တပ်မဟာ ၅ ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ရဲ့ နေ့စဉ်ရက်ဆက် ဝိုင်းဝန်းပိတ်ဆို့ ဖြတ်တောက် တိုက်ခိုက်မှုတွေကြောင့် စွန့်ခွာထွက်ပြေးသွားကြတာပါ။

KNLA တပ်မဟာ ၅ ပူးပေါင်းတပ်ဖွဲ့တို့ရဲ့ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်မှုတွေကြောင့် အခုနှစ် ဇန်နဝါရီ လကနေ ဧပြီလအထိ စစ်ကောင်စီတပ်ရဲ့ မော်ဖူးဗျူဟာစခန်းအပါအဝင် စခန်း ၈ ခုထက်မနည်း စွန့်ခွာထွက်ပြေးသွားတယ်လို့ KNLA တပ်မဟာ ၅ ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

လတ်တလောမှာ KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်မြို့အနီးရှိ စစ်ကောင်စီတပ် ဗျူဟာကုန်းအပါ အဝင် ကျန်ရှိနေတဲ့ တပ်ရင်းဌာနချုပ်တွေကို KNLA တပ်မဟာ ၅ ပူးပေါင်းတပ်ဖွဲ့တွေက ဆက် လက်ဝိုင်းရံပိတ်ဆို့ဖြတ် တောက်ထားပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းတွေနဲ့ အပြင်းအ ထန် ခုခံကာကွယ်ပစ်ခတ်နေတယ်လို့ သိရပါတယ်။

KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဖာပွန်မြို့အနီးရှိ စစ်ကောင်စီတပ် ခမရ ၄၃၄၊ ခလရ ၁၉ တပ်ရင်းတို့ကို သိမ်းပိုက်ရရှိထားနေပြီး ဖာပွန်မြို့ကိုလည်း တော်လှန်ရေးပူးပေါင်းအဖွဲ့က ပြီးခဲ့တဲ့ မတ်လမှာ စတင်ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.