FILE PHOTO: Chinese Coast Guard vessels fire water cannons towards a Philippine resupply vessel Unaizah May 4 on its way to a resupply mission at Second Thomas Shoal in the South China Sea, March 5, 2024. REUTERS/Adrian Portugal/File Photo/File Photo

မနီလာ၊ မေ ၄

ဖိလစ်ပိုင်သင်္ဘောတွေကို တရုတ်က မီးသတ်ပိုက်တွေ သုံးပြီး တားဆီးမှုကို ကန့်ကွက်ကြောင်း ဖိလစ်ပိုင်အစိုးရက မေ ၂ ရက်နေ့မှာ တရုတ်သံအမတ်ကို ဆင့်ခေါ်ပြီး ပြောကြားခဲ့ပါတယ်။

တရုတ်ကမ်းခြေစောင့်တပ်ရဲ့ လုပ်ရပ်တွေဟာ အနှောင့်အယှက်ဖြစ်စေပြီး အန္တရာယ်ဖြစ်စေနိုင်တဲ့ လုပ်ရပ်တွေဖြစ်တယ်လို့ ဖိလစ်ပိုင်က ပြောပါတယ်။

တရုတ်ကမ်းခြေစောင့်တပ်က မီးသတ်ပိုက်တွေသုံးပြီး ဖိလစ်ပိုင်သင်္ဘောတွေကို တားဆီးနေသလို အခြားရန်စမှုတွေလည်း လုပ်ဆောင်နေတယ်လို့ ဖိလစ်ပိုင်ကပြောကြားပြီး အဲဒီဒေသကနေ တရုတ်သင်္ဘောတွေ ထွက်သွားပေးဖို့ တောင်းဆိုထားပါတယ်။

ဒါဟာ တရုတ်သံအဖွဲ့ ဒုတိယခေါင်းဆောင်ကို ဆင့်ခေါ်ပြီး ကန့်ကွက်ကြောင်း မနီလာရဲ့ အခုနှစ်အတွင်း အကြိမ် ၂၀ မြောက် သတိပေးမှု ဖြစ်ပါတယ်။

တရုတ်က ဆယ်စုနှစ် တစ်စုကျော်ကြာ သိမ်းပိုက်ထားခဲ့တဲ့ အဲဒီပြဿနာ ဖြစ်ရာသောင်စွယ် ဒေသဟာ ဖိလစ်ပိုင်နဲ့ တရုတ်ကြား ပဋိပက္ခဖြစ်ပွားရာ အဓိကနေရာ ဖြစ်ပါတယ်။

အငြင်းပွားနေတဲ့ ဒေသမှာ ဖိလစ်ပိုင်က အရင်ကထက် နေရာပိုယူလာတာကြောင့် တရုတ်နဲ့ မကြာသေးခင်က တင်းမာမှုတွေ မြင့်တက်လာခဲ့ပြီး ဖိလစ်ပိုင်က အမေရိကန်၊ ဂျပန်တို့နဲ့ မဟာမိတ်ဖွဲ့မှု အားကောင်းအောင် လုပ်ဆောင်ထားပါတယ်။

ဘယ်နိုင်ငံမှာမှ အချုပ်အချာအာဏာဆိုင်ရာ ပိုင်ဆိုင်ခွင့်မရှိတဲ့ ဒေသတွေကို တရုတ်က သူတို့ပိုင်တယ်လို့ ပြောဆိုထားပြီး နိုင်ငံတကာ အငြင်းပွားမှုဖြေရှင်းရေး တရားရုံးက ဘေဂျင်းရဲ့ ပြောဆိုမှုတွေ တရားမဝင်ဘူးလို့ ဆုံးဖြတ်ထားပါတယ်။

ဒါပေမဲ့ တရုတ်က ဂရုမစိုက်ဘဲ တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို သူတို့ပိုင်တယ်လို့ ပြော ဆိုနေတာပါ။

ဒီဒေသဟာ သဘာဝသယံဇာတ ပေါကြွယ်ဝသလို ကုန်သွယ်ရေးအတွက် အရေးပါတဲ့ လမ်း ကြောင်းလည်း ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.