တနင်္သာရီ၊ မေ ၃
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် အောက်ကင်းကျေးရွာအခြေစိုက် စစ်ကောင်စီတပ်ရဲ့ တပ်ကြပ် ကြီးစာရေးအဆင့်ရှိသူနှစ်ဦးဟာ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ တောင်ပိုင်းညီ နောင်စစ်ကြောင်းထံက သိရပါတယ်။
အောက်ကင်းကျေးရွာ အခြေစိုက် စစ်ကောင်စီရဲ့အမှတ် ၅၅၇ ခြေမြန် တပ်ရင်းမှ တပ်ကြပ်ကြီးစားရေးအဆင့်ရှိတဲ့ ကိုကိုထွေးနဲ့ မြတ်စိုးဦးတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နေ့မှာ တောင်ပိုင်းညီ နောင်စစ်ကြောင်းထံ အလင်းဝင်ခဲ့တာ ဖြစ်ပါတယ်။
တောင်ပိုင်းညီနောင်စစ်ကြောင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုစိုင်းညီက အလင်းဝင်လာတဲ့ တပ်ကြပ်နှစ်ဦးဟာ စစ်တပ်အာဏာသိမ်းက တည်းက အလင်းဝင်ဖို့ စီစဉ်ထားခဲ့ပေမယ့် အခြေအနေမပေးတာကြောင့် အခုမှအလင်းဝင်ခဲ့တာ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်ကြပ်ကြီး နှစ်ဦးဟာ MA 3 သေနတ် နှစ်လက်၊ ၅.၅၆ ကျည် ၂၆၀ တောင့်နဲ့ ကျည်ဘောက် ၆ ခုနဲ့ အတူ အလင်းဝင်လာတာကြောင့် ထိုက်တန်တဲ့ ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်သွားမယ်လို့ ဆိုပါတယ်။
အလင်းဝင်လာတဲ့ တပ်ကြပ်ကြီးနှစ်ဦးကို တော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ်နယ်မြေမှာ လွတ်လွတ်လပ်လပ် သွားလာခွင့်ပေးထားပြီး ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ် ဝင်းဝကျေးရွာရဲစခန်းမှ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၃ ဦးဟာ လက်နက်ခဲယမ်းနဲ့အတူ ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ထံ အ လင်းဝင်ခဲ့ပါသေးတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – SBA