ကြာအင်းဆိပ်ကြီး၊ မေ ၃

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ-သံဖြူဇရပ်ကားလမ်းပေါ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်တဲ့ တောင်စွန်းတပ်စခန်းကို KNLA မဟာမိတ်ပူးပေါင်းတပ်တွေ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေထံက သိရပါတယ်။

စစ်ကောင်စီရဲ့ အမှတ် ၂၈၄ ခြေမြန်တပ်ရင်း တပ်စွဲထားတဲ့ တောင်စွန်းတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မေ ၃ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီဖြစ်တယ်လို့ ကနဦးထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Lion Battalion Commando ဗျူဟာစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရ KNU ဒူးပလာယာခရိုင် တပ်မဟာ ၆ အတွင်းရှိ တောင်စွန်းကျေးရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းကို အပြီးသတ်သိမ်းပိုက်လိုက်ပြီး သတင်းအပြည့်အစုံကို ဒီနေ့ ည ၇ နာရီမှာ ထပ်မံတင်ပြသွားမယ်လို့ အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Lion Battalion Commanda

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.