ဆီဆိုင်၊ မေ ၂
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် သဘက်ကျေးရွာ ချောင်းကူးတံတားကို စစ်ကောင်စီနဲ့ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ပူး ပေါင်းအဖွဲ့ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ထုတ်ပြန်ပါတယ်။
မနေ့ မေ ၁ ရက် မနက် ၆ နာရီအချိန်ခန့်မှာ စစ်ကောင်စီနဲ့ ပအိုဝ်းပြည် သူ့စစ်အဖွဲ့တွေက ရွှေတဂူဘုရားအနီးရှိ သဘက်ချောင်းကူးတံတားကို မိုင်းခွဲဖျက်ဆီးခဲ့တဲ့အပြင် ဒရုန်းနဲ့မီးလောင်ဗုံး ကြဲချခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကောင်စီနဲ့ပအိုဝ်းပြည်သူ့စစ်အဖွဲ့ရဲ့ မိုင်းခွဲဖျက်ဆီးမှုကြောင့် ချောင်းကူးတံတားမီးလောင်ပျက်စီးခဲ့ပြီး ရွှေတဂူဘုရားဝင်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုရားစေတီတွေ တချို့ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အခုလို လာရောက်ဖျက်ဆီးသွားတဲ့ စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ သွာရောက်ရှင်းလင်းရာ ၈ ဦးထက်မနည်းသေဆုံးပြီး အလောင်း ၂ လောင်းကျန်ခဲ့ကာ ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့တယ်လို့ အသိပေးထားပါတယ်။
ဒါအပြင် စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ်တွေက ကျေးရွာအတွင်း လက်နက်ကြီးအပြင် ဒရုန်းတွေနဲ့ ပစ်ခတ်တာကြောင့် သဘက်ကျေးရွာ အုပ်စုရှိ ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်နေ့ကလည်း စစ်ကောင်စီနဲ့ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်တွေက သဘက်ကျေးရွာအုပ်စု ဝိန်းကောင်းကျေးရွာအနီးရှိ သဘက်ချောင်းကူးတံတားကို မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PNLA