May 2, 2024

မလေးရှားအစိုးရဝန်ထမ်းတွေကို လစာ ၁၃ ရာခိုင်နှုန်းကျော် တိုးပေးမယ်

ကွာလာလမ်ပူ၊ မေ ၃ မလေးရှားအစိုးရဝန်ထမ်းတွေကို ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး လစာ ၁၃ရာခိုင်နှုန်းကျော် တိုးပေးသွားမယ်လို့ ဝန်ကြီးချုပ် အန်ဝါအေဗရာဟင်က ကြေညာလိုက်ပါတယ်။ အခုတစ်ကြိမ် အစိုးရဝန်ထမ်းတွေရဲ့ လစာတိုးပေးမှုဟာ အများဆုံးတိုးပေးမှုဖြစ်ပြီး အစိုးရအနေနဲ့ နှစ်စဉ် ဒေါ်လာ ၂ ဒသမ ၀၉ ဘီလီယံ(ရင်းဂစ် ၁၀ဘီလီယံ) ကုန်ကျမှာဖြစ်ကြောင်း မစ္စတာအန်ဝါက ပြောပါတယ်။ မလေးရှားမှာ အစိုးရဝန်ထမ်း…

စစ်အာဏာသိမ်း (၁၁၈၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၉၆၂) ဦးအထိရှိလာ

မော်လမြိုင်၊ မေ ၃ AAPP ရဲ့ မေ ၂ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၁၈၇) ရက်အတွင်း ပြည်သူ (၄၉၆၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၆၁၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၁၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

ဆေးမအောင်တဲ့ လူငယ်တွေကိုလည်း စစ်သားစုဆောင်းထားဖို့ စစ်ကောင်စီညွှန်ကြား

မော်လမြိုင် ၊ မေ ၃ နိုင်ငံအနှံ့တိုက်ပွဲတွေတိုင်း စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဆင့်ခေါ်ရာမှာ ဆေးမအောင်တဲ့ လူငယ်တွေကိုလည်း စစ်သားစုဆောင်းထားဖို့ ညွှန်ကြားထားတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ဆေးစစ်ဘုတ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းဖို့ အမြဲမသင့်လျော်သူ ဖြစ် ကြောင်း သတ်မှတ်ထားသူတွေကို စစ်တပ်ထဲဝင်ဖို့ ကင်းလွတ်ခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပေမယ့် လက်ရှိမှာတော့ ရောဂါအခံရှိသူတွေအပါအဝင် HIV ရောဂါပိုးရှိသူတွေကအစ…

တနင်္သာရီမှာ ရက်ရှည်တိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူ ၆၀၀၀ ကျော် အကူအညီလိုအပ်နေ

တနင်္သာရီ၊ မေ ၃ တနင်္သာရီတိုင်း တနင်္သာမြို့နယ် သိန္ဓောကျေးရွာအုပ်စုမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ပြည်သူ ၆၀၀၀ ကျော်ဟာ စားနပ်ရိက္ခာနဲ့ ဆေးဝါးလိုအပ်ချက်တွေ ရှိနေတယ်လို့ နွေ ဦးမေတ္တာ စစ်ဘေးရှောင် ကူညီပံ့ပိုးရေးအဖွဲ့ထံက သိရပါတယ်။ သိန္ဓောကျေးရွာအုပ်စုမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ကြောင့် ဒေသခံပြည်သူတွေဟာ ဧပြီ ၂၃ ရက်နေ့ကစပြီး ဘေးလွတ်ရာ နေရာတွေကို…

ထားဝယ်တိုက်ပွဲကြောင့် မောင်မယ်ရှောင်ဒေသခံတွေ ရွာလုံးကျွတ်ထွက်ပြေးနေရ

ထားဝယ်၊ မေ ၃ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာ ဘုရားမဲစစ်ဆေးရေးဂိတ်အနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးနေရတယ်လို့ စစ်ရှောင်ပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မေ ၂ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်မှာ တပ်အင်အား ၃၀ ကျော် တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ဘု ရားမဲစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။…

CDM ဝန်ထမ်းခန့်အပ်မှုကြောင့် မော်လမြိုင် အေးသန္တာအထူးကုဆေးရုံ သုံးလအပိတ်ခံရ

မော်လမြိုင် ၊ မေ ၃ မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ အေးသန္တာအထူးကုဆေးရုံမှာ CDM ဝန်ထမ်းတွေ ခန့်ထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက သုံးလပိတ်သိမ်းလိုက်တယ်လို့ ဆရာဝန်အသိုင်းအဝိုင်းကနေ စုံစမ်းသိရှိရပါတယ်။ စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဌာနအပါအဝင်ဌာနစုံပူးပေါင်းအဖွဲ့က အေးသန္တာအထူးကုဆေးရုံမှာ CDM ဆရာဝန်နဲ့ သူနာပြုတွေ ခန့်အပ်ထားမှု ရှိ မရှိ ရှောင်တခင် စစ်ဆေးပြီးနောက် ယာ ယီပိတ်သိမ်းလိုက်တာ ဖြစ်ပါတယ်။…

မြန်မာနိုင်ငံမှာ အပူဒဏ်ကြောင့် တစ်ရက်လျှင် လူ ၄၀ နီးပါး သေဆုံးနေ

ရန်ကုန်၊ မေ ၂ အရှေ့တောင်အာရှဒေသ အများစုမှာ အပူချိန်မြင့်တက်မှု ရှည်ကြာလာတာနဲ့အမျှ မြန်မာနိုင်ငံမှာလည်း အပူချိန်မြင့်တက်မှုကြောင့် တစ်ရက်လျှင် လူ ၄၀ နီးပါး သေဆုံးနေတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါတယ်။ ကမ္ဘောဒီးယားက တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းရေးစခန်းမှာလည်း တိရိစ္ဆာန်တွေ ရေမရှိတဲ့အန္တ ရာယ်နဲ့ ကြုံတွေ့နေရပါတယ်။ နိုင်ငံတဝှမ်းလူတွေ အပြင်မထွက်ဘဲ နေရလောက်အောင် အပူချိန် မြင့်တက်နေတဲ့ ဗီယက်နမ်နိုင်ငံမှာ ရာသီဥတုခန့်မှန်းသူတွေက မေလမှာလည်း…

ဆီဆိုင်ချောင်းကူးတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့ မိုင်းခွဲဖျက်ဆီး

ဆီဆိုင်၊ မေ ၂ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် သဘက်ကျေးရွာ ချောင်းကူးတံတားကို စစ်ကောင်စီနဲ့ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ပူး ပေါင်းအဖွဲ့ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ထုတ်ပြန်ပါတယ်။ မနေ့ မေ ၁ ရက် မနက် ၆ နာရီအချိန်ခန့်မှာ စစ်ကောင်စီနဲ့ ပအိုဝ်းပြည် သူ့စစ်အဖွဲ့တွေက ရွှေတဂူဘုရားအနီးရှိ သဘက်ချောင်းကူးတံတားကို…

အရပ်သားပြည်သူပိုင်ဆိုင်မှု ၁၁၀၀ ကျော်ကို စစ်အုပ်စု မတရားသိမ်းဆည်း

ရန်ကုန် ၊ မေ ၂ အာဏာသိမ်းသုံးနှစ်ကျော်အတွင်း အရပ်သားပြည်သူတွေရဲ့ နေအိမ်၊ ကျောင်း၊ ဘာသာရေးဆိုင်ရာအဆောက်ဦးနဲ့ စီးပွားရေးလုပ်ငန်းစတဲ့ အရပ်သားပိုင်ပစ္စည်းဥစ္စာပေါင်း ၁၁၀၀ ကျော်ကို စစ်အုပ်စုက မတရားသိမ်းဆည်းထားတယ်လို့ AAPP ရဲ့ မှတ်တမ်းအရ သိရပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP အနေနဲ့ မေ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ မှတ်တမ်းပါ အချက်အလက်တွေကို ၂၀၂၁…

တနင်္သာရီမှာ စစ်ကောင်စီ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး

တနင်္သာရီ၊ မေ ၂ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် တုံးပျောကြီးကျေးရွာရှိ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ် ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်း စစ်ကြောင်း ၂ ထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့ မနက် ၅ နာရီခွဲအချိန်ခန့်မှာ အင်အား ၃၀ ဝန်းကျင်နဲ့ တုံးပျောကြီးကျေးရွာမှာ…