နေပြည်တော်၊ဧပြီ ၂၂

အာဏာသိမ်းစစ်ကောင်စီက ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကို ကျန်းမာရေးအရ တာဝန်က အနားယူခွင့်ပြုလိုက်တယ်လို့ ဒီနေ့ ဧပြီလ ၂၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

စစ်ကောင်စီအမိန့်အမှတ် ၃၃/၂၀၂၄ နဲ့  ပုဒ်မ ၄၁၉ အရ အနားယူခွင့်ပြုလိုက်တာဖြစ်တယ်လို့ အသိပေးထားပါတယ်။

ဦးဟင်နရီဗန်ထီးယူဟာ NLD အစိုးရလက်ထက်က ပြည်သူ့လွှတ်တော်မှာ မဲအရေအတွက် ၃၅၂ မဲထဲက ၇၉ မဲရရှိပြီးနောက် ဒုတိယသမ္မတ ၂ ဖြစ်လာခဲ့သူပါ။

မြန်မာနိုင်ငံကိုစစ်တပ်အာဏာသိမ်းပြီးချိန်မှာလည်း ပုဒ်မ ၄၂၄ အရ ဒုတိယသမ္မတ အဖြစ် ဆက်ရှိခဲ့ပြီး စစ်ကောင်စီယာယီသမ္မတ ဦးမြင့်ဆွေရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီမှာ အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့သူဖြစ်ပါတယ်။ 

ဒါ့အပြင် သူဟာ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ရဲ့ နေပြည်တော် အချုပ်ရှိ အထူးသီးသန့် တရားရုံး တရားခင်ကို တရားခံပြသက်သေတစ်ဦးအဖြစ် တက်ရောက်ထားသူ ဖြစ်တယ်လို့လည်း သိပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ -စစ်ကောင်စီ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.