မြစ်ကြီးနား၊ဧပြီ ၁၉

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့အခြေစိုက် မြစ်ကြီးနားလေတပ်စခန်းဌာချုပ် နန့်ပေါင်လေတပ် ကို ရှေ့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြောက်ပိုင်းညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NB-PDF က သတင်းထုတ်ပြန်ထားပါတယ်။ 

ဒီနေ့ ဧပြီလ ၁၉ ရက်နေ့မနက်ပိုင်းက ရှော့တိုက်ဒုံးဆယ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်မှုတွေရှိနိုင်တယ်လို့ သိရပါတယ်။ 

ပြည်သူတွေကို လေကြောင်းသုံးတိုက်ခိုက် သတ်ဖြတ်နေတဲ့အတွက် အခုလိုပစ်မှတ်ထားတိုက် ခိုက်ခဲ့တာဖြစ်တယ်လို့ NB-PDF ကဆိုပါတယ်။

ရှော့တိုက်ဒုံးတွေဟာ ရွှေအိုက်ရပ်ကွက်အနီးက စစ်ကောင်စီစခန်းမှာ ကျရောက်ပေါက်ကွဲခဲ့ပေ မယ့် ထိခိုက်မှုမရှိဘူးလို့ စစ်တပ်ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီတပ်တွေက နယ်မြေရှင်းလင်းမှုလုပ်စဉ်မှာ ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးနဲ့ ပစ်စင်တွေကို သမ်းဆည်းရမိခဲ့တယ်လို့လည်း ပြောထားပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံဲ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.