မော်လမြိုင်၊ဧပြီ ၁၇ 

အာဏာသိမ်းစစ်ကောင်စီက မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ နိုင်ငံတစ်ဝန်းမှာရှိတဲ့ အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား အကျဉ်းသူ ၃၃၀၃ ဦးနဲ့ နိုင်ငံခြားအကျဉ်းသား ၈ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်တယ်လို့ ကြေညာခဲ့ပါတယ်။

ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ ၁ အရကျခံဖို့ ကျန်ရှိတဲ့ ပြစ်ဒဏ်အပေါ် ခြောက်ပုံတစ် ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့တာပါ။ 

စစ်ကောင်စီလွတ်ငြိမ်းသက်သာခွင့်ပြုလိုက်တဲ့သူတွေအနေနဲ့ နောက်တစ်ကြိမ် ပြစ်မှုထပ်မံ ကျူးလွန်ပါက အဲဒီပြစ်ဒဏ်အပြင် အခုကျခံဖို့ ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံ ပါမယ်ဆိုတဲ့ စည်းကမ်းချက်နဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်တဲ့သူတွေအထဲမှာ ၂၀၂၄ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ မတိုင်ခင် အထိ လူသတ်မှု၊မုဒိမ်းမှု၊ပေါက်ကွဲစေတက်သော ဝတ္တုပစ္စည်းများအက်ဥပဒေအရ ပြစ်မှုတွေနဲ့ မတရားအသင်းအက်ဥပဒေအရ ပြစ်မှုတွေမပါဝင်ဘူးလို့ ဆိုထားပါတယ်။

ဒါ့အပြင် လက်နက်ဥပဒေပြစ်မှု၊မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ ပြစ်မှုတွေ၊သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ ပြစ်မှုတွေ၊ အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေပြစ်မှုတွေနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအရ ပြစ်မှုတွေမ ပါဝင်ဘူးလို့ အသိပေးထားပါတယ်။ 

စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်ထုတ်ပြန်ချက်တွေအရ နိုင်ငံရေးအကျဉ်းသားပါဝင်မှုမရှိ နိုင်ဘူးလို့ လေ့လာသူတွေက ဆိုထားပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.