မန္တလေး၊ ဧပြီ၁၄

မန္တလေးတိုင်း၊ချမ်းအေးသာစံမြို့နယ်က မန္တလေးမြို့တော်ဝန်မဏ္ဍပ် ဗုံးပေါက်ကွဲမှုကြောင့် သုံးဦးသေဆုံးပြီး ဆယ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဖြစ်စဉ်မှာ ဒီနေ့ဧပြီလ ၁၄ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။

ပေါက်ကွဲမှုကြောင့် အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် ၃ ဦးသေဆုံးပြီး ၁၀ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မန္တလေးမြို့တော်ဝန်မဏ္ဍပ်ဗုံးပေါက်ကွဲမှုဟာ ဒီနှစ် သင်္ကြန်ကာလအတွင်း ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

ဗုံးပေါက်ကွဲခဲ့တဲ့နေရာဟာ စစ်ကောင်စီလုံခြုံရေးတိုး မြှင့်ချထားတဲ့နေရာဖြစ်တဲ့အတွက် တော်လှန်ရေးတပ်တွေရဲ့ လက်ချက်မဖြစ်နိုင်ဘူးလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – စစ်ကောင်စီဝါဒဖြန့်မီဒီယာ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.