April 14, 2024

သံကလောင်ရွာ ကျောင်းထိုင်ဆရာတော် စစ်ကောင်စီတပ် ပစ်ခတ်လို့ပျံလွန်

ကျိုက်မရော ၊ ဧပြီ ၁၄ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဂျိုင်းမြစ်ဒေသရှိ သံကလောင်ကျေး ရွာက ကျောင်းထိုင်ဆရာတော်ကို စစ်ကောင်စီတပ် သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ပျံလွန်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီကနေ့ ဧပြီ ၁၄ ရက်နေ့ နေ့လည်ပိုင်းမှာ ကျောင်း ထိုင်ဆရာတော်ဟာ ဒါယကာတစ်ဦးနဲ့အတူ ကျောင်းအတွက် လိုအပ်တဲ့ ပစ္စည်းတွေဝယ်ဖို့ ကားနဲ့ ထွက်လာရင်း တရနာရွာပြင်…

မန္တလေးမြို့တော်ဝန်မဏ္ဍပ်ဗုံးကွဲ၊ သုံးဦးသေဆုံး

မန္တလေး၊ ဧပြီ၁၄ မန္တလေးတိုင်း၊ချမ်းအေးသာစံမြို့နယ်က မန္တလေးမြို့တော်ဝန်မဏ္ဍပ် ဗုံးပေါက်ကွဲမှုကြောင့် သုံးဦးသေဆုံးပြီး ဆယ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဖြစ်စဉ်မှာ ဒီနေ့ဧပြီလ ၁၄ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။ ပေါက်ကွဲမှုကြောင့် အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် ၃ ဦးသေဆုံးပြီး ၁၀ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ မန္တလေးမြို့တော်ဝန်မဏ္ဍပ်ဗုံးပေါက်ကွဲမှုဟာ ဒီနှစ်…

အချုပ်အချာအာဏာ ချိုးဖောက်မှု လက်ခံမှာမဟုတ်ဘူးလို့ ထိုင်းအစိုးရ သတိပေး

ဘန်ကောက်၊ဧပြီ ၁၄ မြန်မာနယ်စပ်မှာရက်အတော်ကြာ တိုက်ပွဲဖြစ်ပြီးနောက် နယ်စပ်ဒေသကို သွားရောက်ခဲ့တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မိမိတို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်တာမျိုး လက်ခံမှာမဟုတ်ဘူးလို့ ဧပြီ ၁၂ ရက်နေ့မှာ သတိပေးလိုက်ပါတယ်။ တော်လှန်ရေးတပ်တွေက ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီး နောက် ကျန်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သူတို့တပ်ရင်းကနေ ဆုတ်ခွာပြီး နယ်စပ်မှာ အခြေချနေထိုင်နေတာပါ။ လက်ရှိမှာတော့ လက်နက်ကြီးနဲ့ သေနတ်ပစ်သံတွေကို ထိုင်းနယ်စပ်ကနေ…

ထိုင်းနယ်စပ်က စစ်ကောင်စီတပ်စခန်းနှစ်ခု ထပ်မံစွန့်ခွာထွက်ပြေး

ဖာပွန်၊ ဧပြီ ၁၄ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဖာပွန်ခရိုင် သူးမွဲထာ(မြစ်ဆုံ)ရှိ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ သံလွင်မြစ်နဲ့ သောင်ရင်းမြစ်ဆုံရာ သူးမွဲထမှာ တည်ရှိတဲ့ စစ်ကောင်စီတပ်စခန်း နှစ်ခုက စစ်ကောင်စီတပ်ဖွဲ့တွေအားလုံးဟာ ဧပြီ ၁၀ ရက်နေ့ကတည်းက စခန်းကို စွန့်ခွာထွက်ပြေးခဲ့ကြတာဖြစ်ပြီး ကောကော်ထာစခန်းဆီကို…