ရေး၊ ဧပြီ ၁၃

မွန်ပြည်နယ် ရေးမြို့နယ် ကိုးမိုင်ကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၂၉၉ ခြေလျင်တပ်ရင်း ဝင်ရောက်တိုက်ခိုက်မှုမှာ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ တော်လှန်ရေးအင်အားစုပူး ပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်နေ့က ခလရ ၂၉၉ တပ်ရင်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် မနက် ၄ နာရီအချိန်ခန့်ကနေ နေ့လည် ၂ နာရီအချိန်အထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေဘက်က ခလရ ၂၉၉ တပ်ရင်း ဗဟိုကင်းအထိ ဝင်ရောက်ထိုးဖောက်နိုင်ခဲ့ပေမယ့် စစ်ကောင်စီဘက်က လေယာဉ်နဲ့ အဆက်မပြတ် ဗုံး ကြဲတိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ဘက်က တစ်ဦး ကျဆုံးပြီး၂ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှုကို ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ခလရ ၂၉၉ တပ်ရင်း တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းနဲ့လက်နက်ကြီး ပစ်ခတ်မှုတိုက်ခိုက်မှုကြောင့် ကိုးမိုင်ကျေးရွာနဲ့အနီးပတ်ဝန်းကျင်ကျေးရွာတွေက နေအိမ်တွေ မီးလောင်ပျက် စီးတာတွေ ရှိခဲ့ပေမယ့် အရေအတွက်အတိအကျ မသိရသေးပါဘူး။

တိုက်ပွဲကြောင့် ကိုးမိုင်ကျေးရွာအပါအဝင် ကျေးရွာ ၃ ရွာထက်မနည်းက ဒေသခံပြည်သူတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရပြီး တချို့ဒေသခံတွေက အရဲစွန့်ကာ နေရပ်ပြန်တာတွေရှိနေတယ်လို့ ဒေ သခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ပုံစာ – ရေးတိုက်ပွဲကြောင့် ကိုးမိုင်ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ရစဉ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.