ဘေဂျင်း၊ဧပြီ ၁၃

ထိုင်ဝမ်ကိုလက်နက်ရောင်းချရေး ကူညီပေးနေတယ်ဆိုတဲ့ အမေရိကန်ကာကွယ်ရေး ကုမ္ပဏီနှစ်ခုကို အရေးယူပိတ်ဆို့မှုတွေ ချမှတ်လိုက်တယ်လို့ တရုတ်နိုင်ငံက ကြေညာခဲ့ပါတယ်။

တရုတ်နိုင်ငံအတွင်းမှာရှိတဲ့ General Atomics Aeronautical Systemsနဲ့ General Dynamics Land Systems တို့ရဲ့ ပိုင်ဆိုင်မှုတွေကို တရုတ်က သိမ်းဆည်းသွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် အဲဒီကုမ္ပဏတွေရဲ့ စီမံခန့်ခွဲရေးအဖွဲ့တွေကိုလည်း တရုတ်နိုင်ငံကို ဝင်ရောက်ခွင့်ပိတ်ပင် သွားမှာဖြစ်တယ်လို့ တရုတ်အစိုးရရဲ့ ကြေညာချက်မှာဖော်ပြထားပါတယ်။

တရုတ်ဟာ ကိုယ်ပိုင်လေကြောင်းနည်းပညာ တည်ဆောက်နေပေမယ့် နိုင်ငံခြားနည်းပညာတွေ အပေါ်မှီခိုအားကိုးနေရတာပါ။

လက်ရှိအချိန်မှာတော့ တရုတ်မှာ လေကြောင်းဝန်ဆောင်မှုပေးနေတဲ့ General Dynamics ကို အရေးယူပိတ်ဆို့လိုက်တာဖြစ်ပြီး အဲဒီကုမ္ပဏီဟာ ထိုင်ဝမ်က ဝယ်ယူခဲ့တဲ့ Abrams သံချပ်ကားတွေ ထုတ်လုပ်ရေးအတွက် ကူညီပေးခဲ့တဲ့ ကုမ္ပဏီဖြစ်တယ်လို့ သိရပါတယ်။

General Atomics ကတော့ အမေရိကန် စစ်တပ် အသုံးပြုနေတဲ့ Predatorနဲ့ Reaperဒရုန်းတွေ ထုပ်လုပ်ပေးနေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

တရုတ်က အခုလိုအရေးယူပိတ်ဆို့မှုတွေ လုပ်ဖို့ ခြိမ်းခြောက်ထားတာ ကြာပြီဖြစ်ပေမယ့် ကိုဗစ်နဲ့ အလုပ်လက်မဲ့ဖြစ်မှုမြင့်တက်နေတာအပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနည်းနေတဲ့ အခြေအနေတွေ ကြောင့် အခုချိန်မှ ကြေညာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ထိုင်ဝမ်ကို လက်နက်ထောက်ပံ့မှုမှာ ဒီကုမ္ပဏီတွေ ဘယ်လိုပါဝင်လာပတ်သက်နေတယ်ဆိုတာကို တရုတ်အရာရှိတွေက အသေးစိတ်ဖော်ပြထားတာမရှိသလို လက်နက်ရောင်းချတာကြောင့် တရုတ်တစ်ပြည်ထောင်မူကို ချိုးဖောက်တာဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

ဒါ့အပြင် ဒီလုပ်ရပ်ဟာ တရုတ်ရဲ့ အချုပ်အခြာအာဏာကို အားလျော့အောင် လုပ်တာဖြစ်ပြီး ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်တာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ထိုင်ဝမ်ဟာ မိမိတို့နဲ့ နယ်နိမိတ်တစ်ခုတည်းဖြစ်ပြီး တနေနေ့ တချိန်ချိန်မှာ ပြန်လည်ပေါင်းစည်း ရေး အင်အားအသုံးပြုဖို့လိုအပ်ပါက အသုံးပြုမှာဖြစ်တယ်လို့ တရုတ်က အသိပေးထားပါတယ်။

Ref:AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.