ဟိုချီမင်၊ဧပြီ ၁၃

ဗီယက်နမ်မှာ အကြီးမားဆုံးလိမ်လည်မှုအဖြစ် ဒေါင် ၃၀၄ ထရီလီယံ(ဒေါ်လာ ၁၂ ဒသမ ၄၆) ဘီလျံလိမ်လည်မှုနဲ့ ဗီယက်နမ် အိမ်ခြံမြေ သူဌေးကြီးတစ်ဦး ဧပြီ ၁၁ ရက်နေ့မှာ သေဒဏ်ချမှတ် ခံလိုက်ရတယ်လို့ သိရပါတယ်။

အိမ်ခြံမြေဆောက်လုပ်ရေး Van Thinh Phat Holdings Group ကုမ္ပဏီရဲ့ အမျိုးသမီး ဥက္ကဋ္ဌ ဖြစ်သူ ထရူးအန် မိုင်လန်ဟာ ငွေကြေးလိမ်လည်မှု၊လာဘ်ပေးလာဘ်ယူမှုနဲ့ ဘဏ်ဥပဒေချိုး ဖောက်မှုတွေအတွက် အပြစ်ရှိတယ်လို့ စစ်ဆေးတွေ့ရှိထားတာပါ။

သူ့ရဲ့ခုခံချေပမှုတွေကို အစိုးရစိတ်ကြိုက်ရွေးထားတဲ့ ဂျူရီလူကြီး ၃ ဦးပါဝင်တဲ့အဖွဲ့နဲ့ တရားသူ ကြီး ၂ ဦးတို့က ပယ်ချထားတယ်လို့ သိရပါတယ်။

တရားခံရဲ့ လုပ်ရပ်တွေက ကွန်မြူနစ်ပါတီနဲ့ အစိုးရအပေါ်ပြည်သူတွေရဲ့ ယုံကြည်မှုကို ပျက်ပြားစေတယ်လို့ တရားသူကြီးအဖွဲ့က ပြောပါတယ်။

သီတင်းငါးပတ်ကြာ စစ်ဆေးပြီးနောက် တခြားလူ ၈၅ ဦးလည်း စွဲချက်အမျိုးမျိုးနဲ့ ရင်ဆိုင်နေရပြီး ထောင်ဒဏ်အသီးသီးချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။

မစ္စလန်က စွဲချက်တွေကို ပယ်ချပြီးသူ့ရဲ့ လက်အောက်ငယ်သားတွေကို အပြစ်တင်ထားပေမယ့် သူရဲ့ သူ့ရဲ့အပေါင်းအပါတွေ ထိန်းချုပ်ထားတဲ့ SCB ဘဏ်ဆီက ကန်ဒေါ်လာ ၁၂ ဒသမ ၅ ဘီလျံကျော် မတရားရယူခဲ့တယ်လို့ စုံစမ်းစစ်ဆေးသူတွေက အသိပေးထားပါတယ်။

SCB မှာ ငွေကုန်သွားပြီးနောက် အစိုးရက ငွေထုတ်ပေးပြီး ကယ်တင်ပေးချိန်မှာ လန်ဟာ အမည်ခံကုမ္ပဏီတွေကို တရားမဝင် ငွေထုတ်ချေးဖို့ စီစဉ်ပြီးတော့ ငွေအမြောက်အများရယူ ခဲ့တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒီလိမ်လည်မှုကြောင့် စုစုပေါင်း ထိခိုက်နစ်နာတဲ့ တန်ဖိုးဟာ ဒေါ်လာ ၂၇ ဘီလျံရှိပြီး ၂၀၂၃ နိုင်ငံ့အသားတင်ထုတ်ကုန်တန်ဖိုးရဲ့ ၆ ရာခိုင်နှုန်းလောက်ရှိတယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။

ကွန်မြူနစ်ပါတီရဲ့ နိုင်ငံတဝှမ်းအကျင့်ပျက် ခြစားမှုတိုက်ဖျက်ရေး အစီအစဉ်အရ အရာရှိတွေ၊ စီးပွားရေးနယ်ပယ်က လူ့မလိုင်တွေအများကြီးကို မကြာသေးခင်နှစ်တွေက ဖမ်းဆီးစစ်ဆေး ခဲ့တယ်လို့ သိရပါတယ်။

မစ္စလန်က တရားရုံးကို နောက်ဆုံးပြောကြားရာမှာ သူ့အနေနဲ့ သေကြောင်းကြံဖို့ အတွေးရောက်ခဲ့တယ်လို့ ဆိုပါတယ်။

Ref: Agencies

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.