ဘီးလင်း၊ ဧပြီ ၉
မွန်ပြည်နယ် ဘီးလင်းမြို့ ဆရာစံရပ်ကွက်ရှိ ဘီးလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဟာ ဒီနေ့ မနက်ပိုင်းမှာ ဒရုန်းနဲ့တိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒီနေ့ ဧပြီ ၉ ရက်နေ့ မနက် ၁၀ နာရီအချိခန်ခန့်မှာ မြို့နယ်ထွေအုပ်ရုံးကို တော်လှန်ရေးအင်အားစုပူးပေါင်း တပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံး ၃ ချပြီး တိုက်ခိုက်ခဲ့တဲ့အတွက် ရုံးအဆောက်အဦးပေါ်တည့်တည့် ကျရောက် ပေါက်ကွဲခဲ့တာပါ။
ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် ထွေအုပ်ရုံးအဆောက်အဦး အမိုးပေါက်ပြဲတာ၊ မျက်နှာကျက်တွေနဲ့မှန်တွေ ပျက်စီးမှုရှိပြီး ဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ပြောဆိုကြပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
ထွေအုပ်ရုံး တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေ လာရောက်စစ်ဆေးတာတွေ လုပ် ဆောင်ခဲ့ပေမယ့် မြို့တွင်းမှာတော့ ပိတ်ဆို့ရှာဖွေစစ်ဆေးတာ မရှိဘူးလို့ ဆိုပါတယ်။
ဘီးလင်းမြို့နယ် ထွေအုပ်ရုံးဟာ အာဏာသိမ်းကာလအတွင်း ၄ ကြိမ် တိုက်ခိုက်ခံထားရပြီး အဲဒီတိုက်ခိုက်မှု တွေအတွင်း ဝန်ထမ်း ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဧပြီ ၈ ရက်နေ့ကလည်း မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့သွားရောက်တိုက်ခိုက်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ