မော်လမြိုင်၊ ဧပြီ ၉

နိုင်ငံတဝန်းက အကျဉ်းထောင်တချို့မှာ အခုနှစ် ဇန်နဝါရီ ၁ ရက်နေ့က မတ် ၃၁ ရက်နေ့အထိ သုံးလအတွင်း နိုင်ငံရေးအကျဉ်းသား ၆ ဦး ထောင်ပြင်ထုတ် ဥပဒေမဲ့သတ်ဖြတ်ခံလိုက်ရတယ်လို့ မြန် မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ထုတ်ပြန်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီ လက်အောက်ခံ စစ်သား၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အကျဉ်းဦး စီးဝန်ထမ်းတွေက ဥပဒေမဲ့ညှဉ်းပန်းနှိပ်စက်တာ၊ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့မှုတွေကြောင့် သေ ဆုံးခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသား သတ်ဖြတ်ခံရမှုအရ ဖေဖော်ဝါရီ ၈ ရက်နေ့က ဝေါမြို့နယ် တရားရုံးကအပြန် လက်နက်မှုတွေနဲ့ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ မနိုဘယ်အေးနဲ့ ကိုအောင်ကိုဟိန်းတို့ကို စစ်ကောင်စီဘက်က လမ်းမှာထွက်ပြေးတယ်ဆိုပြီး ပစ်သတ်ခဲ့တာပါ။

ဒါ့အပြင် မတ် ၁၇ ရက်နေ့ကလည်း ထားဝယ်ထောင်မှာ နှစ်ရှည်ထောင်ဒဏ်ချမှတ်ထားတဲ့ ကိုဝင်းသီဟ၊ ကိုမင်းသူတို့ကို ထောင်ပြင်ထုတ် သတ်ဖြတ်ခဲ့သလို မြင်းခြံအကျဉ်းထောင်က နိုင်ငံရေးအ ကျဉ်းသား ကိုနိုင်ဝင်းထွန်းကလည်း ရိုက်နှက်တိုက်ပိတ်ခံရစဉ် သေဆုံးခဲ့ရတာပါ။

ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့မှာ မုံရွာမြို့တော်ခန်းမအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မုံရွာရဲစ ခန်းမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုအောင်ကျော်ဇင်ကို ခေါ်ယူစစ်ဆေးပြီးနောက် သတ်ဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

PPNM ပြောရေးဆိုခွင့်ရှိသူ ကိုသိုက်ထွန်းဦးကတော့ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ အကျဉ်းထောင်တွေကို မြေပြင်လိုသဘောထားပြီး နိုင်ငံရေးအကျဉ်းသားတွေအပေါ် ဥပဒေမဲ့သတ်ဖြတ်မှုတွေ ဆက်တိုက်ကျုးလွန်နေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် တစ်နှစ်အတွင်း နိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသား ၃၄ ဦး သေဆုံးခဲ့ပြီး အဲဒီထဲက ၁၇ ဦးဟာ ဆေးဝါးကုသခွင့်မရတာ၊ ကျန်နိုင်ငံအကျဉ်းသား ၁၇ ဦးက ဥပဒေမဲ့သတ်ဖြတ်ခံခဲ့ရတယ်လို့ PPNM ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ပုံစာ – ထောင်ပြင်ခေါ်ထုတ် သတ်ဖြတ်ခံရတဲ့ ကိုမင်းသူနဲ့ ကိုအောင်ကျော်ဇင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.