မနီလာ၊ ဧပြီ ၉
နယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှုတွေကြောင့် တင်းမာမှုတွေပိုမိုမြင့်တက်လာတဲ့နဲ့အတူ တရုတ်က ဖိလစ်ပိုင်ကို ပြောင်းလဲ အာရုံစိုက်မှု ပိုများလာချိန် တောင်တရုတ်ပင်လယ်မှာ တတိယကမ္ဘာစစ် စတင်ဖြစ်ပွားနိုင်တယ်လို့ တရုတ်အရေးကျွမ်းကျင်သူက သတိပေးလိုက်ပါတယ်။
ဖိလစ်ပိုင်နဲ့ မိမိတို့မှာ နှစ်ဖက်ကာကွယ်ရေး သဘောတူညီမှုရှိနေပေမယ့် တရုတ်က လေးစားမှု မရှိဘူးလို့ Gatestone Institute အဖွဲ့ဝင် တရုတ်အရေးကျွမ်းကျင်သူ ဂေါ်ဒန်ရှန်းက ပြောခဲ့ပါတယ်။
အမေရိကန်-ဖိလစ်ပိုင် နှစ်ဖက်ကာကွယ်ရေး သဘောတူညီမှုအပိုင်း ၄ ပါသတ်မှတ်ချက်တွေအတိုင်း အကောင်အထည်ဖော်ရေး အင်အားအသုံးပြုဖို့ ပြင်ဆင်ထားတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက နှစ်ကြိမ်တိုင် စာရေးသားပြီး တရုတ်ကို သတိပေးခဲ့တယ်လို့ ကျွမ်းကျင်သူက ဆိုခဲ့တာပါ။
ဒါဟာ ကျွန်တော်တို့ စစ်ခင်းဖို့ ကြိုတင်ပြင်ဆင်ထားတယ်လို့ သတိပေးတာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။
စစ်ပွဲရဲ့ ဆိုးရွားတဲ့ အခြေအနေတွေ မဖြစ်ပေါ်လာစေရေး မနီလာအစိုးရကို သတိပေးရမယ်လို့ တရုတ်က မကြာခင်က ပြောထားပါတယ်။
အမေရိကန်က ဖိလစ်ပိုင်ကိုယ်စား စစ်ရေးအရကြားဝင်ဖြေရှင်းမှုကြောင့် အိမ်နီးချင်းနိုင်ငံတွေအတွက်လည်း ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နိုင်တယ်ဆိုတာကို အမေရိကန်က ဆုံးဖြတ်ချက်ချ မှတ်သူတွေ တွေးထားဖို့ ကောင်းတယ်လို့ တရုတ်က ဆိုပါသေးတယ်။
စစ်ပွဲဖြစ်လာပါက အရှေ့တောင်အာရှမှ အပြစ်မဲ့တဲ့လူတွေဟာ စစ်ပွဲရဲ့ဒဏ်ကိုခံရနိုင်တာကြောင့် တောင်တရုတ်ပင်လယ်မှာ ငြိမ်းချမ်းရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အရေးကြီးတယ်လို့ တရုတ် အစိုးရက သတိပေးထားတာပါ။
ရေနံနဲ့ သဘောဝဓာတ်ငွေ့ ရေထွက်ပစ္စည်းတွေပေါများပြီး ကုန်စည်စီးဆင်းမှုအဓိက လမ်းဖြစ်တဲ့ တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို တရုတ်က သူတို့ပိုင်တယ်လို့ ပြောထားတာကြောင့် ဖိလစ်ပိုင်အပါအဝင် တခြားနိုင်ငံတွေနဲ့ အငြင်းပွားမှုတွေရှိနေတာဖြစ်ပါတယ်။
ဒီလိုနယ်မြေပိုင်ဆိုင်ကြောင်း တရုတ်ရဲ့ ပြောဆိုမှုတွေဟာ တရားမဝင်ဘူးလို့ နိုင်ငံတကာအငြင်းပွားမှုဖြေရှင်းရေး တရားရုံးက ၂၀၁၆ ခုနှစ်ကဆုံးဖြတ်ထားပေမယ့် တရုတ်က ပယ်ချထားပါ တယ်။
တောင်တရုတ်ပင်လယ်မှာ အမေရိကန်၊ဂျပန်၊ဩစတြေးလျနဲ့ ဖိလစ်ပိုင်တို့က ဧပြီလ ၇ ရက်နေ့က စစ်ရေးလေ့ကျင့်မှုတွေ ပူးပေါင်းပြုလုပ်ခဲ့သလို တရုတ်ကလည်း စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
Ref:FoxNews