မော်လမြိုင်၊ဧပြီ ၇

မွန်ပြည်နယ်အတွင်းက လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ မဟာဗျူဟာမြောက် ချိတ်ဆက်ဆောက်ရွက်မှုကတဆင့် တိုက်ပွဲတွေဖော်ဆောင်နိုင်ရေး NMSP-AD အနေနဲ့ အား ထုတ်ကြိုးပမ်းသွားဖို့ ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ကတိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ဧပြီလ ၆ ရက်နေ့ညပိုင်းက ရာမညဖက်ဒရယ်အင်အားစုသစ် NRFF က မွန်ပြည်သစ် ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့ NMSP – AD ရဲ့နိုင်ငံရေးရပ်တည်ချက်ထုတ်ပြန်ချက် အပေါ် တိုက်တွန်းချက်တွေနဲ့အတူ သဘောထားထုတ်ပြန်လာတာပါ။

NMSP-AD အဖွဲ့ဟာ ဧပြီလ ၁ ရက်နေ့က ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝအာမခံတဲ့ ပြည်နယ် တွေ(ဖက်ဒရယ်ယူနစ်တွေ)နဲ့ စုဖွဲ့ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွင်း မွန်ပြည်ကို တည်ဆောက်မယ့် နိုင်ငံရေးရပ်တည်ချက်ကို ကြေညာခဲ့တာဖြစ်ပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာ မိမိတို့နဲ့ နိုင်ငံရေးရပ်တည်ချက်တူညီတဲ့ အဖွဲ့အစည်းအားလုံးနဲ့အတူ လက်တွဲပြီး ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖော် ဆောင်နိုင်ဖို့ နိုင်ငံရေးရပ်တည်ချက်ကို ကြေညာခဲ့တာပါ။

ဒါ့အပြင် NMSP-AD ရဲ့ အာဏာသိမ်းစစ်တပ်ကို တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး တွန်းလှန်တိုက်ခိုက်သွား မယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့တာကို မြင်တွေ့ရတယ်လို့ NRFF က ဆိုထားပါတယ်။ 

NRFF အနေနဲ့ NMSP-AD ရဲ့ နိုင်ငံရေးပန်းတိုင်၊ပြည်ထောင်စုရဲ့ အခြေခံစံတန်ဖိုးတွေ၊နိုင်ငံရေး ဦးတည်ချက်တွေက မွန်ပြည်သူတွေ လိုလားတောင့်တတဲ့ အချက်တွေဖြစ်တဲ့အတွက်ဝမ်းမြောက် ကြိုဆိုတယ်လို့ အသိပေးထားပါတယ်။

အဲဒါကြောင့် NMSP-AD အနေနဲ့ စစ်ကောင်စီကို တွန်းလှန်တိုက်ပွဲဝင်နေတဲ့ ပြည်နယ်တွင်းက ရှိရင်းစွဲ တော်လှန်ရေးအဖွဲ့အစည်း အစုအဖွဲ့တွေနဲ့ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်သွားဖို့ NRFF က တိုက်တွန်းခဲ့တာပါ။

ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တရားမျှတမှုရှိပြီး တန်းတူညီမျှတဲ့ အနာဂတ်မွန်ပြည်ဖော်ဆောင်တဲ့အခါ မွန်လူမျိုးတွေအတွက် အမျိုးသားရေးမဟာဗျူဟာ မရှိမဖြစ်လိုအပ်တဲ့အတွက် လက်ရှိအချိန်မှာ တော်လှန်တိုက်ပွဲဝင်နေကြတဲ့ မွန်အင်အားစုတွေနဲ့ လက်တွဲပြီး ရေးဆွဲသွားမှာဖြစ်တယ်လို့ သိရပါ တယ်။ 

NRFF အနေနဲ့လည်း စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်ဟူသမျှ ကျဆုံးရေး၊မဟာလူမျိုး ကြီးဝါဒ ပျက်သုန်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းတွေမှာ ဘုံရည်မှန်း ချက်တူတဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို လက်တွဲကာ ပူးပေါင်းသွားမယ်လို့ အသိပေးထားပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NRFF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.