April 7, 2024

မွန်နိုင်ငံရေး၊တော်လှန်ရေးအဖွဲ့တွေ စစ်အာဏာရှင်စနစ်ကိုအတူတကွ တိုက်ပွဲဝင်ဖို့ ပူးပေါင်းပြီ

မော်လမြိုင်၊ဧပြီ၇ စစ်အာဏာရှင်နဲ့ အာဏာရှင်စနစ်အမျိုးမျိုးကို အတူတကွ တိုက်ပွဲဝင်နိုင်ဖို့ နွေဦးတော်လှန်ရေး ကနေပေါက်ဖွားလာတဲ့ မွန်နိုင်ငံရေးနဲ့ မွန်လက်နက်ကိုင်တော်လှန်ရေးတပ်တွေ ပူးပေါင်းဖို့ သဘောတူညီချက်တွေ ရရှိခဲ့တယ်လို့ သက်ဆိုင်ရာအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။ မွန်ပြည်သူတွေရဲ့ သဘောဆန္ဒကို ဦးထိပ်ထားပြီး မွန်နိုင်ငံရေးနဲ့ မွန်တော်လှန်ရေးအင်အားစုတွေ ကြား ညီညွတ်ရေးကို ရည်စူးပြီး မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC၊မွန်ပြည်တော်လှန်ရေးတပ် MSRF နဲ့ မွန်ပြည်ကာကွယ်ရေးတပ် MSDF တို့ တွေ့ဆုံဆွေးနွေးမှုတွေ…

မွန်ပြည်နယ်အတွင်း မဟာဗျူဟာမြောက် တိုက်ပွဲဖော်ဖို့ NRFF တိုက်တွန်း 

မော်လမြိုင်၊ဧပြီ ၇ မွန်ပြည်နယ်အတွင်းက လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ မဟာဗျူဟာမြောက် ချိတ်ဆက်ဆောက်ရွက်မှုကတဆင့် တိုက်ပွဲတွေဖော်ဆောင်နိုင်ရေး NMSP-AD အနေနဲ့ အား ထုတ်ကြိုးပမ်းသွားဖို့ ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ကတိုက်တွန်းလိုက်ပါတယ်။ ပြီးခဲ့တဲ့ဧပြီလ ၆ ရက်နေ့ညပိုင်းက ရာမညဖက်ဒရယ်အင်အားစုသစ် NRFF က မွန်ပြည်သစ် ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့ NMSP – AD ရဲ့နိုင်ငံရေးရပ်တည်ချက်ထုတ်ပြန်ချက် အပေါ် တိုက်တွန်းချက်တွေနဲ့အတူ သဘောထားထုတ်ပြန်လာတာပါ။ NMSP-AD…