ရေဖြူ၊ ဧပြီ ၆

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ညင်းထွေးကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ ထားဝယ်ပြောက်ကျားတော်လှန် ရေးတပ်ဖွဲ့ DGRF က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၄ ရက်နေ့က တပ်အင်အား ၂၀ နီးပါး တပ်စွဲထားတဲ့ ကျေးရွာအုပ်ချုပ်ရေးနေအိမ်ကို တော်လှန်ရေး အင်အားစုပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အလစ်ငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တာ ပါ။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ ထားဝယ်ပြောက်ကျားတော်လှန်ရေး တပ်ဖွဲ့ DGRF က ထုတ်ပြန်ထားပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

ဒီတိုက်ခိုက်မှုကို DGRF ၊ ထားဝယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ DDPDF ၊ ဥသတပ်ခွဲ ၁၊ ဧဒင်မှူးတပ်ခွဲ ၄ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

DGRF ပူးပေါင်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ မတ် ၂၇ ရက်နေ့ကလည်း ရေဖြူမြို့နယ် ညင်းထွေးရွာနဲ့ေ ကျာက်က ညှာကျေးရွာကြားမှာ ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – DGRF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.