ရန်ကုန်၊ဧပြီ ၅

ရန်ကုန်တိုင်း၊မြောက်ဥက္ကလာပမြို့နယ် ဋ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဖောက်ခွဲတိုက်ခိုက်ခံခဲ့ရ တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ 

ဒီနေ့ ဧပြီလ ၅ ရက်နေ့ နေ့လည်ပိုင်းမှာ ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ထိခိုက်မှုအခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ 

ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရတဲ့ အုပ်ချုပ်ရေးမှူးရုံးဟာ လူငယ်တွေကို စစ်မှုထမ်းဖို့ စည်းရုံးတာနဲ့ စာရင်းကောက်ယူတာတွေလုပ်ဆောင်နေတဲ့အတွက် အားပြင်းတဲ့ မိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ တာဖြစ်တယ်လို့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ ကလည်း အသိပေး ထားပါတယ်။

စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တွေလည်း ဘေးကင်းတဲ့နေရာတွေကို ရောက်ရှိနေပြီလို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးဆိုင်ရာ ရုံးတွေကို ဆက်လက်တိုက်ခိုက်သွားမှာဖြစ်တယ်လို့လည်း မြောက်ဥက္ကလာ ပကဖ က အသိပေးထားပါ တယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – မြောက်ဥက္ကလာ ပကဖ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.