သထုံ၊ ဧပြီ ၄
မွန်ပြည်နယ် သထုံမြို့နယ်ရှိ ကျေးရွာတွေထဲကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ရဲ့ လက် နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတစ်ဦးအပါအဝင် အရပ်သားပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်က ဧပြီ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
သထုံအခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၉) ခြေမြန်တပ်ရင်းကနေ တိုက်ပွဲမရှိဘဲ သထုံမြို့နယ်ကျေး ရွာတွေဖြစ်တဲ့ ချောင်းစောင့်၊ ထို့ကော်ကျိုးနဲ့ထုံးဘိုလေးကျေးရွာတို့ကို ပြီးခဲ့တဲ့ မတ် ၂၇ ရက်နေ့က ၃၀ ရက်နေ့အထိ လေးရက်ဆက်တိုက် လက်နက်ကြီး ပစ်ခတ်ခဲ့တာပါ။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၁၃ နှစ်အရွယ် စောဖြိုးဖြိုးအပါအဝင် အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၂ ဦး ၊ စုစုပေါင်း အရပ်သားပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
KNU သထုံခရိုင် သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကတော့ စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်ဟာ တိုက်ပွဲမရှိဘဲ အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေထဲကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ပစ်ခတ်တာဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ချောင်းစောင့်၊ ထုံးဘိုလေး၊ ထုံးဘိုကြီးနဲ့ ထိုးကော်ကျိူးကျေးရွာနေ ဒေသခံတွေဟာ နေအိမ်အတွင်းရှိ ကတုတ်ကျင်းတွေထဲမှာ ပုန်းအောင်းနေရသလို ထွက်ပြေးတိမ်းရှောင်သူတွေလည်း ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့ကလည်း သထုံမြို့နယ် ညာဓဝယ်ကျေးရွာမှာ စစ်ကောင်စီတပ် လက် နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၂ လုံး ပျက်စီးခဲ့တယ်လို့ KNU သထုံခရိုင်က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU