ဝါရှင်တန်၊ ဧပြီ ၄

မြင့်တက်လာနေတဲ့ တင်းမာမှုတွေကို ရပ်တန့်စေဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်တို့ဟာ နိုဝင်ဘာလကတွေ့ဆုံပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဧပြီ ၂ ရက်နေ့က ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

လာမယ့် မေလမှာကျင်းပမယ့် ထိုင်ဝမ်သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ မတိုင်ခင်ဆွေးနွေးခဲ့ကြတာ ဖြစ်ပြီး ဘိုင်ဒန်အနေနဲ့ တရုတ်တစ်ပြည်ထောင်တည်း မူဝါဒကို ထောက်ခံကြောင့် ထပ်ပြီး အတည်ပြုမှာဖြစ်သလို ထိုင်ဝမ်ရေလက်ကြားတဝှမ်းတည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးအရေးကြီး တယ်လို့ ထပ်မံပြောကြားမှာဖြစ်တယ်လို့ သမ္မတနှစ်ဦးရဲ့ ဖုန်းနဲ့ဆက်သွယ်မှုမတိုင်ခင ်အကြီးတန်း အစိုးရအရာရှိတစ်ဦးက ပြောပါတယ်။

ဘိုင်ဒန်နဲ့ ရှီတို့ဟာ နှစ်နိုင်ငံစစ်ဘက်ဆက်သွယ်မှု ပြန်လည်လုပ်ဆောင်ဖို့နဲ့ ဖန်တနိုင်း မူးယစ်ဆေးစီးဝင်မှုတားဆီးရေး ပူးပေါင်းဆောင်ရွက်ကြဖို့ နိုဝင်ဘာလက သဘောတူညီမှုယူခဲ့တာပါ။

ဒါပေမယ့် ခေါင်းဆောင်နှစ်ဦးဟာ ၂၀၂၂ ခုနှစ်ဇူလိုင်လ နောက်ပိုင်း ဖုန်းနဲ့ ဆက်သွယ်ဆွေးနွေးခဲ့တာမျိုး မရှိတော့ဘူးလို့ သိရပါတယ်။

နိုဝင်ဘာလက တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဘိုင်ဒန်က ရှီကျင့်ဖျင်ဟာ အာဏာရှင်တစ်ယောက် ဖြစ်တယ်ဆိုတဲ့ သူ့အမြင်ကို မပြောင်းလဲဘူးလို့ သတင်းထောက်တွေအား ပြောခဲ့တဲ့အတွက် တရုတ်ကို မခံမရပ်နိုင်ဖြစ်စေခဲ့တယ်လို့ သိရပါတယ်။

ဒီမိုကရေစီစနစ်နဲ့ ကိုယ်ပိုင် အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းကို တရုတ်က သူတို့နယ်နိမိတ်ရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ်ရှုမြင်ပြီး ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးဆိုတဲ့ လေသံကို များမကြာခင်က ပြောင်းလဲခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်က သူတို့အပေါ် အချုပ်အခြာအာဏာပိုင်တယ်ဆိုတဲ့ ပြောဆိုနေမှုကိုလည်း ထိုင်ဝမ်က ပယ်ချထားပြီး မိမိတို့ရဲ့ အနာဂတ်ကို ထိုင်ဝမ်ပြည်သူတွေကပဲ ဆုံးဖြတ်မှာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

ခွဲထွက်ရေးသမားလို့ တရုတ်ဘက်က ရှုမြင်ထားတဲ့ ထိုင်ဝမ်သမ္မတ လိုင်ချင်းတီဟာ ဇန်နဝါရီလမှာ သမ္မတရွေးကောက်ပွဲအနိုင်ရပြီးနောက် လာမယ့်မေလအတွင်း ကျမ်းသစ္စာကျိန်ဆိုပွဲ မတိုင်ခင် တရုတ်က ထိုင်ဝမ်ကို ဖိအားပိုပေးနေတယ်လို့ သိရပါတယ်။

ဧပြီ ၂ ရက်နေ့က ဆွေးနွေးမှုမှာ ဘိုင်ဒန်က ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်မှုကို တရုတ်က ထောက်ခံမှုနဲ့ တရုတ်ရဲ့စီးပွားရေးအမူအကျင့်၊စင်ကျန်းဒေသမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်းပြောခဲ့သလို ကိုရီးယားကျွန်းဆွယ်မှာ နျူလက်နက်ဖြုတ်သိမ်းရေးဆွေးနွေးခဲ့တယ်လို့ အမေရိကန်အရာရှိတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတကာဥပဒေနဲ့ ဆန့်ကျင်ပြီး တရုတ်က ဒေသတစ်ခုလုံးနီးပါး သူတို့ပိုင်ဆိုင်တယ်လို့ ပြောဆိုထားတဲ့ တောင်တရုတ်ပင်လယ်မှာ တင်းမာမှုမြင့်လာနေတာကိုလည်း ဘိုင်ဒန်က သတိပေးခဲ့နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

Ref:Agencies

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.