ထားဝယ်၊ ဧပြီ ၄
တနင်္သာရီတိုင်း ထားဝယ်အကျဉ်းထောင်မှာ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား နှစ်ဦးကို စစ်ကောင်စီ စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့(စရဖ)က ထောင်ပြင်ခေါ်ထုတ်ကာ ညှင်းပန်းသတ်ဖြတ်ခဲ့တယ်လို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက် DPPN က ထုတ်ပြန်ပါတယ်။
နိုင်ငံရေးအကျဉ်းသား ကိုမင်းသူနဲ့ ကိုဝင်းသီဟတို့နှစ်ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို အ ဆက်အသွယ်လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စရဖအဖွဲ့က ပြီးခဲ့တဲ့ မတ် ၁၇ ရက်နေ့ ညပိုင်းမှာ ခေါင်း စွပ်အနက်ရောင်စွပ်ပေးပြီး ထောင်ပြင်ခေါ်ထုတ်သွားခဲ့တာပါ။
အဲဒီနောက် သူတို့နှစ်ဦးကို စစ်ဆေးနေချိန် ထွက်ပြေးတာကြောင့် ပစ်သတ်လိုက်တာဖြစ်ကြောင်း စရဖဘက်က ထောင်အာဏာပိုင်တွေကို အကြောင်းကြားခဲ့ပြီး သူတို့နှစ်ဦးကို ဘယ်နေ့က သတ်ဖြတ်ခံလိုက်ရတာ မသိရတဲ့အပြင် မိသားစုဝင်တွေဘက်က အလောင်းလဲပြန်မရသလို စုံစမ်းမေးမြန်းလို့လည်း မရဘူးလို့ ဆိုပါတယ်။
သတ်ဖြတ်ခံလိုက်ရတဲ့ အသက် ၂၅ နှစ်အရွယ် ကိုမင်းသူ (ခေါ်) မော်လဝီရှက်မင်းဟာ အစ္စလာမ်ဘာသာရေးဆရာတစ်ဦးဖြစ်ပြီး ထောင်တွင်းကျန်းမာရေး မကောင်းသူဖြစ်သလို အကြမ်းဖက်ဥပ ဒေပုဒ်မနဲ့ ထောင်ဒဏ် ၁၀ နှစ် အမိန့်ချထားပြီး နောက်ထပ်ပုဒ်မ ၃ ခုနဲ့ အမှုရင်ဆိုင်နေရတာပါ။
ဒါ့အပြင် ကိုဝင်းသီဟကလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ်ကျခံနေရသူ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ထားဝယ်အကျဉ်းထောင်ဟာ နိုင်ငံရေးအကျဉ်းသားတွေကို အကြောင်းအမျိုးမျိုးပြပြီး ညှင်းပန်းနှိပ် စက်တာ၊ ဆေးဝါးကုသခွင့်မပေးတာ၊ တိုက်ပိတ်တာစတဲ့ ထောင်တွင်းဖိနှိပ်မှုအမျိုးမျိုး ကျုးလွန်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့မတ်လတုန်းကလည်း ထားဝယ်အကျဉ်းထောင်မှာ စစ်ကောင်စီတပ်သား၊ ရဲနဲ့ စရဖ တို့က အထူးစစ်ဆေးရေး ဝင်ရောက်ခဲ့ပြီး လက်ကိုင်ဖုန်းအချို့ စစ်ဆေးတွေ့ရှိတယ်လို့ဆိုကာ နိုင်ငံရေး အ ကျဉ်းသားအပါအဝင် အကျဉ်းသား ၂၀ ကျော်ကို ရိုက်နှက်စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က စစ်ကောင်စီရဲ့ အကျဉ်း ထောင်တွေဟာ နိုင်ငံရေးအကျဉ်းသားတွေအတွက် လူသတ်ကွင်းလို ဖြစ်လာတယ်လို့ ပြီးခဲ့တဲ့နှစ်ဆန်းပိုင်မှာ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – DPPN