March 2024

စစ်ကောင်စီကြောင့် ပအိုဝ်းမှာ ကလေးတွေအပါအဝင်အရပ်သား ၅၀ နီးပါးသေဆုံး

ဆီဆိုင် – မတ် ၅ ရှမ်းပြည်နယ်တောင်ပိုင်း၊ပအိုဝ်းဒေသမှာ စစ်ကောင်စီကြောင့် အရပ်သား ၄၇ ဦးသေဆုံးခဲ့ရ တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး PYO က သတင်းထုတ်ပြန်ထားပါတယ်။ သေဆုံးသူတွေထဲမှာ အသက် ၆ လသားအရွယ် ကလေးငယ်တစ်ဦးနဲ့ အသက် ၅ နှစ်မှ ၁၀ နှစ်ကြားရှိ ကလေးတွေပါဝင်ပြီး သူတို့ဟာ စစ်ကောင်စီရဲ့ လေယာဉ်နဲ့ လက်နက်ကြီးတွေကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့…

စစ်အုပ်ချုပ်ရေးကြေညာတဲ့ မြို့နယ်ပေါင်း ၆၁ မြို့နယ်အထိရှိလာ

မော်လမြိုင်၊ မတ် ၅ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ သုံးနှစ်ကျော်ကာလအတွင်း စစ်အုပ်ချုပ်ရေးကြေညာတဲ့ မြို့နယ်ပေါင်း ၆၁ မြို့နယ်အထိ ရှိလာတယ်လို့ သုတေသနအဖွဲ့ဖြစ်တဲ့ Data For Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။ စစ်ကောင်စီရဲ့ စစ်အုပ်ချုပ်ရေးကြေညာမှုအရ ၂၀၂၁ ခုနှစ်မှာ ၈ မြို့နယ်၊ ၂၀၂၃ ခုနှစ်မှာ ၄၈ မြို့နယ်နဲ့ ၂၀၂၄ ခုနှစ်မှာ…

သရက်ချောင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး ၅ ဦးဒဏ်ရာရ

သရက်ချောင်း၊ မတ် ၅ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် စုံစင်ဖျားကျေးရွာ ထားဝယ်-မြိတ်ကားလမ်းမပေါ်ကို စစ်ကောင်စီရဲ့ ရဟတ်ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခရီးသွားအမျိုးသမီး ၁ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ မတ် ၄ ရက်နေ့ ည ၄ နာရီအချိန်ခန့်မှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စုံစင်ဖျားကျေးရွာဘက်ကို စစ်ကောင်စီက…

ပုဏ္ဏားကျွန်းမြို့ကို AA အပြီးသတ်သိမ်းပိုက်

ပုဏ္ဏားကျွန်း၊ မတ် ၅ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ရှိ စစ်ကောင်စီရဲ့ နောက်ဆုံးတပ်စခန်းဖြစ်တဲ့ ခမရ-၅၅၀ တပ်ရင်းအား သိမ်းပိုက်ပြီးနောက် ပုဏ္ဏားကျွန်းမြို့နယ်တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီလို့ ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေခံစစ်တွေနဲ့ အပြင်းအထန်ခုခံနေတဲ့ကြားကနေ မနေ့ မတ် ၄ ရက်နေ့မှာ ပုဏ္ဏားကျွန်းမြို့နယ်တစ်ခုလုံးကို ရက္ခိုင့်တပ်တော် AA က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။…

စစ်အာဏာသိမ်း (၁၁၂၈) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၆၄၀) ဦးအထိရှိလာ

မော်လမြိုင်၊ မတ် ၅ AAPP ရဲ့ မတ် ၄ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၁၂၈) ရက်အတွင်း ပြည်သူ (၄၆၄၀ ) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၂၂၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၀၆၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

စစ်မှုမထမ်းလိုတဲ့ လူငယ် ၄၀၀ ကျော် KNU သထုံခရိုင်ထံ ဝင်ရောက်ခိုလှုံ

မော်လမြိုင်၊ မတ် ၅ အရွယ်ရောက်ပြီးသာ နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပ ဒေကြောင့် စစ်မှုမထမ်းလိုတဲ့ လူငယ် ၄၀၀ ကျော် KNU သထုံခရိုင်ထံ ဝင်ရောက်ခိုလှုံနေတယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၂၀၁၀ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာ သိမ်း…

အမျိုးသမီး ၁၄ ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရကြောင်း AAPP အတည်ပြု

ရန်ကုန် ၊ မတ် ၅ အာဏာသိမ်းကာလမှာ အမျိုးသမီးတွေအပေါ် စစ်အုပ်စုလက်ပါးစေတွေရဲ့ လိင်ပိုင်းဆိုင်ရာအကြမ်း ဖက်မှုအတွင်း အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှု အမျိုးသမီး ၁၄ ဦးအထိ အတည်ပြုနိုင်ခဲ့တယ်လို့ နိုင်ငံ ရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကနေ သိရပါတယ်။ AAPP ရဲ့ မှတ်တမ်းတွေအရ သတ်ဖြတ်ခံရမှုတွေမှာ အဓမ္မပြုကျင့်ပြီးနောက် သတ်ဖြတ်တာ ဒါမှမဟုတ် သတ်ဖြတ်ပြီးနောက် အဓမ္မပြုကျင့်မှုခံခဲ့ရတဲ့ အသက်…

ကျိုက်ထိုမှာ စစ်ကြောင်းဝင်လာလို့ တိုက်ပွဲဖြစ်ပွားနေ

ကျိုက်ထို၊ မတ် ၅ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် စစ်ကွင်းကျေးရွာဘက်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ မတ် ၄ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်မှာ တပ်အင်အား ၄၀ ကျော်ပါတဲ့ စစ်ကောင်စီတပ် စစ် ကြောင်းထိုးလာတဲ့အတွက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အချိန်နာရီဝက်နီးပါးကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း…

KNU ဖာပွန်ခရိုင်က စစ်ကောင်စီတပ်စခန်း ၃ ခု စွန့်ခွာထွက်ပြေး

ဖာပွန်၊ မတ်၅ KNU ဖာပွန်ခရိုင်ထဲမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတစ်လအတွင်း KNLA နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်စခန်း ၃ ခု စွန့်ခွာသွားခဲ့ရတယ်လို့ တပ်မဟာ ၅ က ထုတ်ပြန်ပါတယ်။ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းလှုပ်ရှားရာ လမ်းကြောင်းတွေ၊ စားနပ်ရိက္ခာသယ်ဆောင်ရာ လမ်းကြောင်းတွေ၊ သောက်သုံးရေခတ်သောက်ရာ လမ်းကြောင်းတွေကို နေ့စဉ်ဖြတ်တောက်ထားတဲ့အတွက် စစ်ကောင်စီတပ်စခန်း ၃ ခု…

ဟေတီမှာ လက်နက်ကိုင်ဂိုဏ်းက ထောင်ဖောက်ပြီး အကျဉ်းသား ၄၀၀၀  နီးပါး လွှတ်ပေး

ပိုသ့်အော်ပရင့်စ်၊ မတ် ၅ ဟေတီနိုင်ငံရဲ့မြို့တော် ပိုသ့်အော်ပရင့်စ်ရှိ အဓိကအကျဉ်းထောင်ကြီးကို လက်နက်ကိုင်ဂိုဏ်း တွေ ဝင်ရောက်စီးနင်းပြီးနောက် အကျဉ်းသားတွေ လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။ အဲဒီအကျဉ်းထောင်ထဲမှာ ဖမ်းဆီးထားတဲ့အကျဉ်းသား ၄၀၀၀ ထဲက အများစုဟာ လွတ်မြောက်သွားပြီလို့ ပြည်တွင်းသတင်းထောက်တစ်ဦးက ပြောပါတယ်။ ဖမ်းဆီးခံထားရသူတွေထဲမှာ ၂၀၂၁ ခုနှစ်က သမ္မတ ဂျိုဗီနယ်မွိုက်စီကို သတ်ဖြတ်မှုနဲ့ဆက်စပ်တဲ့စွဲချက်တွေနဲ့ အကျဉ်းကျခံနေရသူတွေလည်း ပါဝင်ပါတယ်။ အမေရိကမှာ အဆင်းရဲဆုံးနိုင်ငံဖြစ်တဲ့…