ကျိုက်မရော ၊ မတ် ၂၈

မွန်လူမျိုး‌တွေအနေနဲ့ ဝမ်းနည်းပူဆွေးနာကျည်းမှုကို ခွန်အားအဖြစ်ပြောင်းလဲပြီး စုပေါင်းအင်အားနဲ့ စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းနိုင်မယ်လို့ အပြည့်အဝယုံကြည်ကြောင်း မွန်ပြည်သစ်ပါတီ NMSP-AD က ကြေညာချက်ထုတ်ပြီး အသိပေးလာပါတယ်။

မတ် ၂၇ ရက်နေ့ ညနေ ၃ နာရီလောက်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျိုင်းမြစ်ရှိ စစ်ကောင်စီစစ်သၚ်္ဘောကနေ လက်နက်ကြီး ပစ်ခတ်မှုကြောၚ့် ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာရှိ  နေအိမ်အလုံး ၃၀၀ ဝန်းကျင် မီးလောင်ကျွမ်းသွားတဲ့အပေါ်  မွန်ပြည်သစ်ပါတီ AD အနေနဲ့ နေအိမ်ဆုံးရှုံးသွားတဲ့ မိသားစုတွေနဲ့ ထပ်တူ ဝမ်းနည်းရတယ်လို့ ဆိုပါတယ်။

မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး AD ဟာ  မိမိတို့လူမျိုးနဲ့ မိမိတို့ဒေသတွင်း နေထိုင်ကြတဲ့ ပြည်သူ‌တွေကို  အကာအကွယ်ပေးနိုင်ရေးနဲ့ မွန်လူမျိုးတွေရဲ့ ကြမ္မာကို မွန်လူမျိုးတွေ ဖန်တီးနိုင်ရေးအတွက် အဆုံးတိုင် တိုက်ပွဲဝင်သွားမယ်လို့ ဒီကနေ့ ညနေ ၆ နာရီမှာ ထုတ်ပြန်ကြေညာလာတာပါ။

ကော့ဘိန်းရဲစခန်းသိမ်းပိုက်ခံရပြီးချိန်ကစပြီး စစ်ကောင်စီဟာ အနီးတဝိုက်ရှိကျေးရွာတွေမှာ နေ့စဉ်ရက်ဆက် လေကြောင်းနဲ့ ပစ်ခတ်ဗုံးကြဲတာ၊ စစ်သၚ်္ဘောကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကြောၚ့် ဘာသာရေးအဆောက်အအုံနဲ့ နေအိမ်တွေ မီးလောင်ပျက်စီးပြီး အပြစ်မဲ့ပြည်သူတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

ဒါ့အပြင် အရပ်သားပြည်သူတွေထဲမှာ အထူးသဖြၚ့် သက်ကြီးရွယ်အို၊ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

အခုလို ဘာသာရေးအဆောက်အအုံ၊ နေအိမ်တွေနဲ့ အပြစ်မဲ့အရပ်သားပြည်သူလူထု‌တွေအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေတာဟာ စစ်တပ်ရဲ့ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်လို့ မွန်ပြည်သစ် AD က ပြောပါတယ်။

စစ်ဘေးသၚ့် ပြည်သူတွေအတွက် အရေးပေါ်လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှုတွေ ရရှိနိုင်ရေး ကြိုးပမ်း နေကြတဲ့ သံဃာတော်တွေ၊ ပြည်သူတွေနဲ့ ပရဟိတအဖွဲ့အစည်းတွေကိုအား ကျေးဇူးတင်တယ်လို့ ‌ဆိုပါတယ်။

ဒ့ါအပြင် မွန်ပြည်သူ တစ်ရပ်လုံးနဲ့ နိုင်ငံတကာအဖွဲ့အစည်း‌တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေကလည်း စစ်ဘေးဒဏ်ပြည်သူတွေအတွက် ဝိုင်းဝန်းကူညီပေးကြဖို့ကိုလည်း မွန်ပြည်သစ် AD က အလေးအနက်တိုက်တွန်းပါသေးတယ်။

တိုက်လေယာဉ်တွေနဲ့ လက်နက်ကြီး‌တွေအားကိုးနဲ့ ပစ်ခတ်တိုက်ခိုက်နေတဲ့ စစ်‌ကောင်စီဟာ အများပြည်သူ သွားလာနေထိုင်ရာ ရပ်ရွာနေအိမ်တွေ ဘာသာရေး အဆောက်အအုံနဲ့ စာသင်ကျောင်း‌တွေ၊ ဆေးရုံဆေးခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောၚ့် ပြည်သူတွေအ‌နေနဲ့ စစ်ရေးသတိနဲ့ သွားလာနေထိုင်ကြဖို့၊ ပျော်ပွဲရွှင်ပွဲတွေ လျော့ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Mon Unity Foundation

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.