မကွေး – မတ် ၂၈ 

မကွေးတိုင်းအတွင်းက စစ်မှုထမ်းဥပဒေအတွက် မဲပေါက်ခဲ့တဲ့သူတွေဟာ စစ်ပြေးကို ငွေပေးပြီး ငှားရမ်းနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက ထွက်ပြေးလာတဲ့ စစ်ပြေးတွေကို ငွေပေးပြီး အစားထိုးစစ်မှုထမ်းဖို့ လုပ်ဆောင်နေကြတာပါ။

သူတို့တွေကို အခကြေးငွေပေးကာ ငှားရမ်းပြီး လစဉ်ထောက်ပံ့ပေးရမှာဖြစ်ပြီး သူတို့တွေက မဲပေါက်တဲ့သူတွေနေရာမှာ အစားထိုးပြီး စစ်မှုထမ်းပေးဖို့ သဘောတူညီမှုယူနေကြတာဖြစ်တယ် လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

“ရွာထဲမှာမဲနှိုက်ကြတော့ မဲပေါက်သူတွေကမသွားချင်တော့ အစားထိုးဖို့လူရှာတဲ့အခါ စစ်ပြေး တွေကိုပဲ ပြန်ငှားတယ်။ အဲဒီစစ်ပြေးလာတဲ့သူက ရှမ်းပြည်ကနေပြေးလာတာ” လို့သူကပြောပါ တယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက မကွေးမြို့နယ်အတွင်းက အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ ဝက်သိုက်ကျေးရွာနေ စစ်ပြေးတစ်ဦးကို ဒေသခံတွေက တစ်အိမ်ကို ကျပ်ငွေ ၇၅၀၀၀ ထောက်ပံ့ကြေးပေးပြီး စစ်မှု ထမ်းဖို့ ငှားရမ်းခဲ့တယ်လို့ သိရပါတယ်။ 

မတ်လအစောပိုင်းကစပြီး မကွေးတိုင်းအတွင်း စစ်ကောင်စီတပ်တွေက စစ်မှုထမ်းဖို့အတွက် ဟောပြောစည်းရုံးတာ၊နေအိမ်တွေမှာလိုက်လံခေါ်ယူတာတွေအပြင် မဲနှိုက်တာတွေလုပ်ဆောင် နေတာပါ။

ဒေသခံတော်လှန်ရေးတပ်တွေကတော့ စစ်မှုထမ်းဖို့ လိုက်လံစည်းရုံးသူတွေနဲ့ ကြိုးပမ်းအားထုတ် သူတွေကို ထိထိရောက်ရောက်အရေးယူသွားမှာဖြစ်တယ်လို့ သတိပေးထားပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.