ဖာပွန်၊ မတ် ၂၉

ကရင်ပြည်နယ် ဖာပွန်မြို့ပေါ်မှာရှိတဲ့ စစ်ကောင်တပ်စခန်းအားလုံး ဆုတ်ခွာသွားတဲ့အတွက် မြို့တစ်ခုလုံးကို ထိန်းချုပ်လိုက်ပြီလို့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဖာပွန်မြို့ပေါ်က စစ်ကောင်တပ်စခန်းတွေဟာ မြို့ တောင်ဘက်ခြမ်းရှိမှာတဲ့ စစ်ကောင်စီတပ် ဗျူ ဟာကုန်းနဲ့ တပ်ရင်းဌာနချုပ်ထံ ပြန်လည်ဆုတ်ခွာပေါင်းစည်းသွားတဲ့အတွက် မြို့ပေါ်မှာ စစ်ကောင် စီတပ်ဖွဲ့ဝင်တွေ မရှိတော့ဘူးလို့ သိရပါတယ်။

အဲဒီဗျူဟာနဲ့စစ်ကောင်စီတပ်ရင်းဌာနချုပ်တွေကိုလည်း ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့ကစပြီး KNLA ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားတယ်လို့ KNU တပ်မဟာ ၅ ပြောရေးဆို ခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။

ဖာပွန်မြို့မှာ ရပ်ကွက် ၁၊ ၂၊ ၃၊ ၄ စုစုပေါင်း ၄ ရပ်ကွက်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆုတ်ခွာသွားတဲ့အတွက် ပြီးခဲ့တဲ့ မတ် ၂၇ ရက်နေ့မှာ စစ်ကောင်စီက လေကြောင်းနဲ့လက်နက်ကြီးတိုက် ခိုက်မှု အပြင်းအထန်ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ်အများအပြား ထိခိုက်ပျက်စီးထားပါတယ်။

လက်ရှိမှာတော့ ဖာပွန်မြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပြည်သူ့ကာ ကွယ်ရေးတပ် ဖွဲ့တွေက ဝင်ရောက်စိုးမိုးထိန်းချုပ်ထားတာ ဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက် ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေ အဆက်မပြတ် လုပ်ဆောင်နေတာပါ။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆုတ်ခွာသွားတဲ့ ဖာပွန်မြို့မှာ ပြီးခဲ့တဲ့နှစ်တွေကလည်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားတွေ ရပ်တန့်သွားပြီး ဌာနဆိုင်ရာရုံးအများစုကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက ဖောက်ခွဲဖျက်ဆီးထားတာပါ။

KNLA ပူးပေါင်းတပ်ဖွဲ့တွေကို ဖာပွန်မြို့ကို ထိန်းချုပ်ထားပေမယ့် မြို့တောင်ဘက်ခြမ်းရှိ စစ်ကောင် စီ တပ်ဗျူဟာ၊ ခလရ ၁၉ တပ်ရင်းဌာနချုပ်တို့မှာ ခုခံစစ်ပြင်ဆင်ထားတယ်လို့ မြေပြင်သတင်းရင်း မြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အလာတူး KNLA ပူးပေါင်းတပ်ဖွဲ့တွေဟာ မတ်လတတိယအပတ်အတွင်း ကရင်ပြည်နယ် ကျိုက်ဒုံမြို့ကိုလည်း တိုက်ခိုက်ထိန်းချုပ်ထားပြီး မြို့အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ထိုင်း-မြန်မာနယ်စပ်က စ ခန်းတချို့သာ ကျန်ရှိတော့တာပါ။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)ကလည်း စစ်ကောင်စီတပ်စခန်းတွေနဲ့ မြို့သိမ်း တိုက်ပွဲတွေ ဆင်နွှဲနေပြီလို့ ပြီးခဲ့တဲ့ မတ်လ ဒုတိယအပတ်အတွင်း အသိပေးကြေညာထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.