တနင်္သာရီ၊ မတ် ၂၈

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် လယ်တောင်ယာကျေးရွာထဲကို စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မနေ့ မတ် ၂၇ ရက်နေ့ မနက် ၈ နာရီခွဲအချိန်ခန့်မှာ လက်တောင်ယာကျေးရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကနေ တိုက်ပွဲမရှိဘဲ ကျေးရွာထဲလက်နက်ကြီး အကြောင်းမဲ့ပစ်ခတ်ခဲ့တာပါ။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်မှာရှိနေတဲ့ အသက် ၅၆ နှစ်အရွယ် ဒေါ်ကင်းဟာ ညာဘက်နံရိုးအောက်နဲ့ လက်ချောင်းတွေမှာ မိုင်းစဖောက်ဝင်ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီနောက် ပြင်ထန်းဒဏ်ရာရရှိခဲ့တဲ့ ဒေါ်ကင်းကို တနင်္သာရီဆေးရုံကနေတဆင့် မြိတ်ဆေးရုံသို့ ပြောင်းရွှေ့ကုသစဉ် ညပိုင်းမှာ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လယ်တောင်ယာကျေးရွာထဲကို စစ်ကောင်စီတပ်ကနေ မကြာခဏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လူနေအိမ်နဲ့ ဥယျာဉ်ခြံတွေ ထိခိုက်ပျက်စီးတာတွေရှိနေပြီး ဒေသခံတွေလည်း လုပ်ငန်းခွင်ထဲ သွား ရောက်ဖို့ စိုးရိမ်ပူပန်မှုတွေ ရှိနေတာပါ။

ပြီးခဲ့တဲ့ မတ် ၁၄ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် လယ်တောင်ယာကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် Non CDM သူနာပြုဝန်ထမ်း လင်မယားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.