ဆီဆိုင် – မတ် ၂၇ 

ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့ဟာ စစ်ပွဲဇုန်အတွင်း ကျရောက်နေတာကြောင့် ပြည်သူတွေ အနေနဲ့ မြို့ထဲကို အရဲစွန့်ပြီးဝင်ရောက်နေတာတွေ မပြုလုပ်ဖို့ ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးတပ်မတော် PNLA က အသိပေးလိုက်ပါတယ်။

ဆီဆိုင်မြို့အတွင်းကို တချို့ပြည်သူတွေဟာ အရဲစွန့်ဝင်ရောက်ဖို့ ကြိုးပမ်းတာတွေကြောင့် စစ်ကောင်စီနဲ့ အပေါင်းအပါလက်ပါးစေတွေက ပစ်ခတ်ဖမ်းဆီးတာတွေပြုလုပ်နေတဲ့ အတွက် ပြည်သူ့တချို့ ထိခိုက်သေဆုံးပြီး အဆက်အသွယ်ပြတ်တောက်တာတွေရှိနေတယ်လို့ ဆိုထား တာပါ။

လက်ရှိအချိန်ထိ မြို့ပတ်ဝန်းကျင်မှာ နေ့စဉ်လိုလို တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် စစ်ကောင် စီတပ်က မြို့တွင်းကို တင့်ကားတွေအသုံးပြုကာ ထိုးစစ်ဆင်နေတဲ့အပြင် လက်နက် ကြီးနဲ့ ဒရုန်း တွေကို အဆမတန်အသုံးပြုတိုက်ခိုက်နေတာကြောင့် ပြည်သူတွေရဲ့ အိုးအိမ်တွေလည်း ထိခိုက် ပျက်စီးတာတွေရှိနေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မဲနယ်တောင်ဒေသကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ရောက်ရှိတဲ့ ပအိုဝ်းကျေးရွာ တွေမှာ ပြည်သူတွေရဲ့ နေအိမ်တွေကို ဖျက်ဆီးတာ၊ပစ္စည်းတွေကို ခိုးယူတာတွေလည်းလုပ်နေ တယ်လို့ အသိပေးထားပါတယ်။

အဲဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့မတ်လ ၂၆ ရက်နေ့ကလည်း လုံးဒါကျေးရွာကိုဝင်ရောက်ပြီး ပြည်သူတွေရဲ့ ပစ္စည်းတွေကို ခိုးယူသယ်ဆောင်ခဲ့တဲ့အပြင် လုံးဒါကျေးရွာထဲမှာ တပ်စွဲနေထိုင် တယ်လို့ သိရပါတယ်။

ပြည်သူတွေအနေနဲ့ PNLA က တရားဝင်သတင်းထုတ်ပြန်ချက်တွေကို စောင့်ကြည့်ကြဖို့နဲ့ တရားဝင် အသိပေးထုတ်ပြန်ချက် မရှိသေးဘဲ မြို့တွင်းကို အရဲစွန့်ဝင်ရောက်တာတွေ မပြုလုပ် ကြဖို့ အထူးတိုက်တွန်းတယ်လို့ ဆိုထားပါတယ်။

PNLA ထိန်းချုပ်ထားတဲ့ ဆီဆိုင်မြို့ကို ပြန်လည်ရရှိဖို့ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် ပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့တည်းက ပြန်လည်ထိုးစစ်ဆင်နေတာ ကြောင့် တိုက်ပွဲတွေ နေ့စဉ်လိုလိုဖြစ်ပွားနေတာပါ။

တိုက်ပွဲတွေကြောင့် အရပ်သား ၅၀ ကျော်သေဆုံးထားပြီး တစ်သိန်းကျော် နေရပ်စွန့်ခွာထွက် ပြေးနေရတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံးက အသိပေးထားပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.