မော်လမြိုင် ၊ မတ် ၂၈

စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်ခွာမြင့်တက်လာမှုနဲ့အတူ နိုင်ငံခြားငွေကြေး ဝယ်ယူမှုများပြားလာတာကြောင့် ပြည်တွင်းရွှေဈေးနှုန်း စံချိန်တင်မြင့်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်ခွာသူတွေ နေ့စဉ်အလုံးအရင်နဲ့ရှိလာပြီးနောက် နိုင်ငံခြားငွေကြေးဝယ်ယူမှုများလာတဲ့အတွက် ဈေးကွက်အတွင်း ဒေါ်လာဈေး၊ ဘတ်ဈေးအပါအဝင်တခြား နိုင် ငံခြားငွေကြေးဈေးနှုန်းတွေ မြင့်တက်လာတာပါ။

နိုင်ငံခြားငွေကြေးဈေးနှုန်းတွေ မြင့်တက်လာတဲ့အတွက် ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်း တစ်ကျပ်သား ကျပ် ၃၉ သိန်းသာရရှိခဲ့တဲ့ ပြည်တွင်းမီးလင်းအခေါက်ရွှေဟာ မတ်လနောက်ဆုံးအပတ်မှာတော့ ကျပ် ၄၃ သိန်းကျော်အထိ စံချိန်တင်မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

ဒီရွှေဈေးနှုန်းဟာ သမိုင်းတလျှောက် အမြင့်ဆုံးဈေနှုန်းအထိ ရောက်ရှိလာခဲ့ပြီး ဈေးကွက်အတွင်း မကြုံဖူးတဲ့ အရောင်းအဝယ်ရပ်တန့်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ဆိုကြပါတယ်။

ရွှေဈေးကွက်အတွင်းမှာတော့ ရွှေဈေးနှုန်းစံချိန်တင် မြင့်တက်လာမှုနဲ့အတူ စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်ခွာလိုသူများတဲ့အတွက် ရွှေဝယ်လိုအားနည်းပြီး ရွှေရောင်းလိုအားများနေတယ်လို့ သိရပါတယ်။

ရွှေဈေးနှုန်း စံချိန်တင်မြင့်တက်နေတာကြောင့် ဈေးကွက်အတွင်း အခေါက်ရွှေအတုံးတွေကို အ ရောင်းအဝယ် ရပ်နားထားပြီး တခြားရွှေထည်တွေကိုတော့ ကျပ် ၅ သောင်းကနေ တစ်သိန်းအထိ ဈေးခွာဝယ်ယူမှုတွေ ရှိနေတာပါ။

စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တွေက ရွှေဈေးနှုန်း မြင့်တက်အောင် လုပ် ဆောင်တယ်ဆိုပြီး ရွှေဆိုင်ပိုင်ရှင်တွေနဲ့ရွှေကုန်သည်တချို့ကို လိုက်လံဖမ်းဆီးစစ်ဆေးနေတာတွေ ရှိတယ်လို့ ရွှေလုပ်ငန်းရှင် အသိုင်းအဝိုင်းက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း YGEA ကတော့ ပြင်ပဈေးကွက်အတွင်း ရွှေအရောင်းအဝယ် ပြုလုပ်သူတွေနဲ့ ရွှေဆိုင်အားလုံးအနေနဲ့အသင်းက သတ်မှတ်ပေးတဲ့ ဈေးနှုန်းအောက်မှာသာ အရောင်းအဝယ်ပြုလုပ်ဖို့နဲ့ အဲဒီဈေးနှုန်းအတိုင်း အရောင်းအဝယ်မပြုလုပ်နိုင်ပါက အရောင်းအဝယ် ရပ်နားထားဖို့ မတ် ၁၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မတ် ၂၆ ရက်နေ့ရဲ့ YGEA ရဲ့ ရည်ညွှန်းဈေးနှုန်းဟာ မီးလင်းအခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃၈ သိန်းနီးပါး သတ်မှတ်ထားပေမယ့် ပြည်ပဈေးကွက်နဲ့ တစ်ကျပ်သားလျှင် ကျပ် ၅ သိန်းကျော် ဈေးနှုန်းကွာဟာနေတာ ဖြစ်ပါ တယ်။

ပြည်တွင်းရွှေဈေးနှုန်းဟာ NLD အစိုးရလက်ထက်က တစ်ကျပ်သား ကျပ် ၁၃ သိန်းဝန်းကျင်သာ ရှိခဲ့ပေမယ့် စစ်အာဏာသိမ်းကာလအတွင်း သုံးဆကျော်ဈေးနှုန်း မြင့်တက်လာတဲ့အခြေအနေနဲ့ ကြုံနေရတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.