March 27, 2024

စစ်အာဏာသိမ်း (၁၁၅၁) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၇၉၁) ဦးအထိရှိလာ

မော်လမြိုင်၊ မတ် ၂၈ AAPP ရဲ့ မတ် ၂၇ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၁၅၁) ရက်အတွင်း ပြည်သူ (၄၇၉၁ ) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၄၅၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၁၇၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

မွန်ပြည်နယ်မှာ အုပ်ချုပ်ရေးမှူးတွေ အပြိုင်အဆိုင် နုတ်ထွက်မှုတွေရှိလာ

မော်လမြိုင်၊ မတ် ၂၈ မွန်ပြည်နယ်ရဲ့ မြို့နယ်တချို့မှာ စစ်ကောင်စီ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်တွေဖြစ်တဲ့ ရပ် ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အပြိုင်အဆိုင်နုတ်ထွက်မှုတွေ ရှိလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နိုင်ငံအနှံ့စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်သွင်းပြီး တစ်လမပြည့်ခင်မှာပဲ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ဖို့ သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို စစ် မှုထမ်းစာရင်းကောက် ယူခိုင်းတာ၊ မဲနှိုက်ရွေးချယ်တာနဲ့ ဆင့်ခေါ်တာတွေ လုပ်ဆောင်ဖို့ ဆက်တိုက်ဖိအာပေးနေတာပါ။…

တပ်မတော်နေ့အဖြစ် သတ်မှတ်ထားမှုအပေါ် မွန်နဲ့တနင်္သာရီ လူငယ်အင်အားစုတွေ ဆန့်ကျင်ကန့်ကွက်

နေပြည်‌တော် ၊ မတ် ၂၈ မတ် ၂၇ ရက်နေ့မှာ ကျရောက်တဲ့ ၇၉ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ကို စစ်အုပ်စုက တပ်မ တော်နေ့အဖြစ် သတ်မှတ်ခေါ်ဝေါခဲ့မှုအပေါ် မွန်နဲ့တနင်္သာရီ လူငယ်အင်အားစုတွေ ပူး‌ပေါင်းအားနဲ့ ဆန့်ကျင်ကန့်ကွက်လာပါတယ်။ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းအရ မတ် ၂၇ ရက်နေ့ဟာ ဖက်ဆစ်တော်လှန်ရေးကို စတင်ခဲ့တဲ့ နေ့ရက်ဖြစ်ပြီး စစ်အုပ်စုကနေ သမိုင်းဖျောက်ဖျက်ဖို့ ရည်ရွယ်ကာ…

မော်စကိုတိုက်ခိုက်မှု အမေရိကန်၊ဗြိတိန်နဲ့ ယူကရိန်းတို့ နောက်ကွယ်က ပါဝင်နေတယ်လို့ ရုရှား စွပ်စွဲ

မော်စကို၊ မတ် ၂၈ ရုရှားနိုင်ငံ မော်စကိုမြို့ရဲ့ ဂီတဖျော်ဖြေရေးခန်းမ တိုက်ခိုက်ခံရမှုမှာ ယူကရိန်းနဲ့ အနောက်အုပ်စုတို့ နောက်ကွယ်က ပါဝင်နေတယ်လို့ ရုရှားလုံခြုံရေးဌာနက စွပ်စွဲလိုက်ပါတယ်။ တိုက်ခိုက်မှုအတွက် သံသယရှိသူတွေဟာ အစ္စလာမ်မစ် အစွန်းရောက်တွေဖြစ်တယ်လို့ ရုရှား သမ္မတက ဆိုထားပေမယ့် နောက်ကွယ်မှာ ယူကရိန်းနဲ့ဆက်နွယ်နေတယ်လို့ စွပ်စွဲထားတာပါ။ ရုရှားဖက်ဒရယ် လုံခြုံရေးဌာန ညွှန်ကြားရေးမှူး အလက်ဇန်းဒါး ဘော်နီကော့ဗ်က ဒီတိုက်ခိုက်မှု နောက်ကွယ်မှာ…

ဘော်လ်တီမိုးလ်တံတား သင်္ဘောတိုက်ခံရ၊ လူ ၆ ဦး ပျောက်ဆုံး

ဘော်လ်တီမိုးလ်၊ မတ် ၂၈ အမေရိကန်နိုင်ငံ ဘော်လ်တီမိုးမြို့က အထင်ကရ ဖရန်စစ်စကော့ကီးတံတားကို ကွန်တိန်နာတင် သင်္ဘောတစ်စီး ဝင်တိုက်မှုကြောင့် လူ ၆ ဦးပျောက်ဆုံးနေပြီး သေဆုံးသွားပြီလို့ ယူဆနေကြပါတယ်။ သင်္ဘောဟာ တံတားဒေါက်တိုင်ကို တိုက်မိခဲ့တဲ့အတွက် ၁ ဒသမ ၆ မိုင်ရှည်တဲ့ တံတားပြိုကျသွားချိန် တံတားပေါ်မှာ ကားတွေဖြတ်သန်းမောင်းနှင်နေတာဖြစ်ပြီး ပျောက်ဆုံးသွားသူတွေကို ရှာဖွေနေမှုအား ရပ်ဆိုင်းလိုက်ပြီဖြစ်ကာ ပြန်လည်ဆယ်ယူရေး လုပ်ငန်းစဉ်…

စစ်မှုထမ်းဥပဒေကြောင့် ရွှေဈေးနှုန်းစံချိန်သစ်ထပ်တင်

မော်လမြိုင် ၊ မတ် ၂၈ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်ခွာမြင့်တက်လာမှုနဲ့အတူ နိုင်ငံခြားငွေကြေး ဝယ်ယူမှုများပြားလာတာကြောင့် ပြည်တွင်းရွှေဈေးနှုန်း စံချိန်တင်မြင့်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်ခွာသူတွေ နေ့စဉ်အလုံးအရင်နဲ့ရှိလာပြီးနောက် နိုင်ငံခြားငွေကြေးဝယ်ယူမှုများလာတဲ့အတွက် ဈေးကွက်အတွင်း ဒေါ်လာဈေး၊ ဘတ်ဈေးအပါအဝင်တခြား နိုင် ငံခြားငွေကြေးဈေးနှုန်းတွေ မြင့်တက်လာတာပါ။ နိုင်ငံခြားငွေကြေးဈေးနှုန်းတွေ မြင့်တက်လာတဲ့အတွက် ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်း တစ်ကျပ်သား ကျပ် ၃၉…

ဘီးလင်းမှာ စစ်ကြောင်းဝင်လာစဉ် အရပ်သားတစ်ဦးပစ်သတ်ခံရ

ဘီးလင်း၊ မတ် ၂၈ မွန်ပြည်နယ် ဘီးလင်းမြို့နယ် သပြေနီကျေးရွာအနီး စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာစဉ် အရပ်သားပြည်သူတစ်ဦးကို သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ KNU သထုံခရိုင်က မတ် ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မတ် ၂၂ ရက်နေ့က အင်အား ၈၀ ကျော်ပါတဲ့ စစ်ကောင်စီရဲ့ ခမရ (၃) နဲ့ ခလရ (၈) ပူးပေါင်းတပ်ဖွဲ့တွေဟာ…

စစ်ကောင်စီ ထီးကပလယ်တပ်စခန်းကို ကရင်ပူးပေါင်းတပ်ဖွဲ့တွေ စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေ

မြဝတီ၊ မတ် ၂၇ ကရင်ပြည်နယ် မြဝတီခရိုင် ထိုင်း-မြန်မာနယ်စပ် ဝေါ်လေမြို့နဲ့ စုကလိမြို့ကြားမှာတည်ရှိတဲ့ စစ်ကောင်စီရဲ့ ထီးကပလယ်တပ်စခန်းကို ကရင်လက်နက်ကိုင်ပူးပေါင်းတပ်တွေ စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေတယ်လို့ ကော်သူးလေတပ်မတော် KTLA က မတ် ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ ထီးကပလယ်တပ်စခန်းကို ကော်သူးလေတပ်မတော် KTLA ၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA အပါအဝင် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့…

ရေးမှာ လက်နက်ကြီးကျလို့ အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရ

ရေး၊ မတ် ၂၇ မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်းကျေးရွာ ရော်ဘာခြံတွေအနီး စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ဒီနေ့ မတ် ၂၇ ရက်နေ့ မနက် ၄ နာရီအချိန်ခန့်မှာ လမိုင်းအခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၃၁၇) အမြောက်တပ်ကနေ တိုက်ပွဲမရှိဘဲ မော့ကနင်းကျေးရွာအနီးပတ်ဝန်းကျင်ကို လက်နက်ကြီး ၃…

ဆီဆိုင်မြို့ကို ပြည်သူတွေအရဲစွန့်ပြီး မဝင်ရောက်ဖို့  PNLA သတိပေး

ဆီဆိုင် – မတ် ၂၇ ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့ဟာ စစ်ပွဲဇုန်အတွင်း ကျရောက်နေတာကြောင့် ပြည်သူတွေ အနေနဲ့ မြို့ထဲကို အရဲစွန့်ပြီးဝင်ရောက်နေတာတွေ မပြုလုပ်ဖို့ ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးတပ်မတော် PNLA က အသိပေးလိုက်ပါတယ်။ ဆီဆိုင်မြို့အတွင်းကို တချို့ပြည်သူတွေဟာ အရဲစွန့်ဝင်ရောက်ဖို့ ကြိုးပမ်းတာတွေကြောင့် စစ်ကောင်စီနဲ့ အပေါင်းအပါလက်ပါးစေတွေက ပစ်ခတ်ဖမ်းဆီးတာတွေပြုလုပ်နေတဲ့ အတွက် ပြည်သူ့တချို့ ထိခိုက်သေဆုံးပြီး အဆက်အသွယ်ပြတ်တောက်တာတွေရှိနေတယ်လို့ ဆိုထား တာပါ။…