ဖာပွန်၊ မတ် ၂၆

ကရင်ပြည်နယ် ဖာပွန်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေအားလုံးကို ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားပြီး အလုံးစုံထွက်ခွာသွားဖို့ ဖိအားပေးလုပ်ဆောင်လျက်ရှိနေတယ်လို့ KNU ဖာပွန်ခ ရိုင် တပ်မဟာ ၅ က ထုတ်ပြန်ပါ တယ်။

အခုလ မတ်လ ၁၉ ရက်နေ့ကစတင်ပြီး ဖာပွန်မြို့တောင်ဘက်မှာ အခြေချတဲ့ စစ်ကောင်စီလက် အောက်ခံတပ်ရင်းတွေအားလုံးစခန်းတည်ရှိရာ မယ်တရိုး၊ ဝေမှုံ၊ တံခွန်တိုင်နဲ့ ဝေဆာတို့ရဲ့ ကူးလူးဆက်သွယ်ရေး လမ်းတွေအားလုံးကို KNLA နဲ့ မဟာမိတ်ပူးပေါင်းတပ်တို့က ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားလိုက်ပြီလို့ အသိပေးထားပါတယ်။

အခုလို ဝိုင်းရံပိတ်ဆို့ဖြတ်တောက်မှုရဲ့ အဓိကစစ်ဆင်ရေးဟာ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလအတွင်းက KNLA ဗဟိုဌာနချုပ်ရဲ့ ထုတ်ပြန်ချက်ပါ ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေ လာရောက်ကာ နယ်မြေချဲ့ ထွင်စိုးမိုးမှုအားလုံး ပြန်လည်ရုတ်သိမ်းဖို့နဲ့ ထုတ်ပြန်ချက်ကို လိုက်နာဆောင်ရွက်မှုမရှိပါက တိုက်ခိုက်မောင်းထုတ်ရမယ်လို့ ထုတ်ပြန်စာရဲ့ နောက်ဆက်တွဲအရေးယူမှုလို့ ဆိုပါတယ်။

ဒီလိုစစ်ကောင်စီတပ်ရဲ့ ကူးလူးသွားလာရာလမ်းကြောင်းတွေကို စတင်ပိတ်ဆို့မှုမပြုမီကတည်းက စစ်ကောင်စီတပ်ဟာ ဖာပွန်မြို့တွင်းရှိ ရပ်ကွက်တွေနဲ့ မြို့အနီးတဝိုက်ကျေးရွာတွေထဲကို လေယာဉ်နဲ့ လက်နက်ကြီးတွေ နေ့စဉ်ပစ်ခတ်ခဲ့တဲ့အတွက် မြို့တွင်းနဲ့ ရပ်ကွက်နေပြည်သူ ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေဟာ ကိုယ်လွတ်ရုန်းထွက်ပြေးနေကြရကာ စားနပ်ရိက္ခာသယ်ဆောင်နိုင်ခြင်း မရှိတဲ့အတွက် အစားအသောက်ရိက္ခာ၊ ဆေးဝါးနဲ့ တာလပတ်အမိုးအကားတွေ အရေးပေါ်လို အပ်လျက်ရှိနေပြီး စစ်ဘေးရှောင်ဦးရေ ၁၀၀၀ ကျော်မက ရှိနေတယ်လို့ တပ်မဟာ ၅ က အသိပေးထုတ်ပြန်ထားပါတယ်။

ဖာပွန်ခရိုင်မှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လေယာဉ်နဲ့ ဒရုန်းပစ် ခတ်တိုက်ခိုက်မှုတွေ နေ့စဉ်လုပ်ဆောင်နေပြီး ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒေသခံပြည်သူတွေကို ဆန်နဲ့အမိုးအကာတွေ သွားရောက်ကူညီထောက်ပံ့ပေးခဲ့တယ်လို့ တပ်မဟာ ၅ ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.