မော်လမြိုင် – မတ် ၂၄

အမျိုးသားညီညွတ်ရေးအစိုးရ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုကော်မတီရဲ့ လမ်းညွှန်ချက်နဲ့ အကြမ်းဖက်မှု နှိမ်နင်းတိုက်ဖျက်ရေး သင်တန်းဖွင့်လှစ်သင်ကြားခဲ့ပြီးနောက် လွတ်မြောက်နယ် မြေတစ်ခုမှာ သင်တန်းဆင်းပွဲကျင်းပခဲ့တယ်လို့ ပြည်သူ့ရဲတပ်ဖွဲ့ SSTF က ထုတ်ပြန်ထားပါ တယ်။

ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့က သင်တန်းဆင်းပွဲပြုလုပ်ခဲ့တာဖြစ်ပြီး ပြည်သူ့ရဲတပ်ဖွဲ့ ရဲချုပ်၊ ဒုရဲ ချုပ်နဲ့ SSTF ဒုဌာနကြီးမှူး၊ NUG ၊ MOHI ကွပ်ကဲမှုအောက်မှာရှိတဲ့ SSTF ပြည်သူ့ရဲတပ်ဖွဲမှ ရဲဘော်တွေ မြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ရဲဘော်တွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါ တယ်။

သင်တန်းကို မရိန်းကနည်းပြတွေ၊ တောင်ပိုင်းတိုင်း စစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့  SOF တပ်ဖွဲ့က နည်းပြတွေနဲ့ SSTF တပ်ဖွဲ့က နည်းပြအကူတွေက ၃ လကြာ သင်ကြားပို့ချခဲ့ကြတာ ပါ။

SSTF အကြမ်းဖက်မှုတိုက်ဖျက်ရေးပြည်သူ့ရဲတပ်ဖွဲ့က စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးထောက်တိုင် တွေနဲ့ စီးပွားရေးထောက်တိုင်တွေကို အဓိကထားတိုက်ခိုက်ချေမှုန်းသွားမှာဖြစ်တယ်လို့ အသိ ပေးထားပါတယ်။ 

ဒါ့အပြင် တော်လှန်ရေးကာလအတွင်း ပြည်သူတွေကို ဥပဒေနဲ့အကာအကွယ်ပေးနိုင်ဖို့ တရား ဥပဒေစိုးမိုးရေး လုပ်ငန်းတွေကိုလည်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – SSTF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.