ဝါရှင်တန်၊ မတ် ၂၃

နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Apple ကုမ္ပဏီဟာ စမတ်ဖုန်းဈေးကွက်ကို တစ်ဦးတည်း ကြီးစိုး ချယ်လှယ်ထားပြီး ပြိုင်ဘက်တွေကို နင်းချေပစ်နေတယ်ဆိုတဲ့ စွဲချက်နဲ့ အမေရိကန်က တရားစွဲဆိုထားပါတယ်။

တရားရေးဌာနက Apple ကုမ္မဏီဟာ Iphone အက်ပလီကေးရှင်း စတိုးကို ထိန်းချုပ်ပြီး ဖောက်သည်တွေနဲ့ ဆော့ဖ်ဝဲလ်ရေးသူတွေ မြဲနေအောင် ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။

သူတို့အတွက် အန္တရာယ်ရှိတယ်လို့ ယူဆတဲ့ အက်ပလီကေးရှင်းတွေကို Apple က တားဆီးပြီး ပြိုင်ဘက်ထုတ်ကုန်တွေကို လူတွေသဘောကျမှုနည်းအောင် လုပ်ဆောင်နေတယ်လို့လည်း တရားစွဲဆိုမှုမှာ ဖော်ပြထားပါတယ်။

Apple ကုမ္ပဏီကတော့ စွဲချက်တွေကို ပယ်ချထားပြီး ဥပဒအရ အပြင်းအထန်တိုက်ပွဲဝင်သွားမယ်လို့ အသိပေးထားပါတယ်။

ပြည်နယ် ၁၆ ခုရဲ့ အစိုးရရှေ့နေချုပ်နဲ့အတူ နယူးဂျာစီပြည်နယ်ဖက်ဒရယ်တရားရုံးမှာ တရားစွဲဆိုထားတာဟာ Apple အတွက် အခုချိန်ထိ အကြီးမားဆုံးစိန်ခေါ်မှုတွေထဲက တစ်ခုဖြစ်ပါတယ်။

ဒါ့အပြင် Apple ဟာ ဖောက်သည်တွေအတွက် ဈေးနှုန်းမြင့်တက်အောင်လုပ်ဆောင်ပြီး သူတို့ရဲ့ hardware နဲ့ software ထုတ်ကုန်တွေ အသုံးပြုခွင့်ကို ကန့်သတ်ထိန်းချုပ်ထားတယ်လို့ တရားစွဲဆိုမှုမှာ ဖော်ပြထားပါတယ်။

အစိုးရရှေ့နေချုပ် မာရစ်ဂါလန်းကတော့ ဥပဒေချိုးဖောက်နေတာကြောင့် စားသုံးသူတွေအနေနဲ့ ဈေးပိုမပေးသင့်ဘူးလို့ သတင်းစာရှင်းလင်းပွဲမှာပြောထားသလို စာမျက်နှာ ၈၈ ရွက်ရှိတဲ့ တရားစွဲဆိုမှုမှာလည်း Apple ဟာ သူ့ရဲ့အင်အားကို အလွဲသုံးစားလုပ်နေတယ်လို့ ဖော်ပြပါတယ်။

Apple ကတော့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး မကြာသေးခင်နှစ်တွေက ဝေဖန်ဆန်းစစ်မှုတွေနဲ့ ရင်ဆိုင်လာခဲ့ရတာပါ။

အမေရိကန်အစိုးရက Apple ကုမ္ပဏီဟာ သူတို့ရဲ့ ထုတ်ကုန်တွေကို ဖောက်သည်တွေ စိတ်ဝင်စားမှု နည်းသွားစေလောက်တဲ့ အက်ပလီကေးရှင်းတွေကို ဖန်တီးခွင့်မပေးဘဲ ပိတ်ပင်ထားတယ်လို့ စွပ်စွဲထားပါတယ်။

ပြိုင်ဘက်ကုမ္ပဏီတွေ ထုတ်လုပ်ထားတဲ့ စမတ်နာရီတွေနဲ့လည်း Iphone ကို ချိတ်ဆက်ရ ခက်ခဲ အောင်လုပ်ဆောင်ထားတယ်လို့လည်း တရားစွဲဆိုမှုမှာ ဖော်ပြထားပါတယ်။

Apple ကုမ္ပဏီကတော့ တရားစွဲဆိုမှုတွေကို တရားရုံးက လက်မခံဖို့ လျှောက်ထားသွားမယ်လို့ ပြောထားပေမယ့် သူတို့ရဲ့ လျှောက်ထားချက်တွေပယ်ချခံရနိုင်တယ်လို့ သိရပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.