ဗာတီကန်၊ မတ် ၂၃

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ယူကရိန်းနဲ့ အရှေ့အလယ်ပိုင်းဂါဇာမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ အဆုံးသတ်ရေး ညှိနှိုင်းဆွေးနွေးမှုကတဆင့် ငြိမ်းချမ်းမှုရှိအောင် အားလုံးဝိုင်းဝန်းကြိုးပမ်းကြဖို့ တိုက်တွန်းခဲ့ပါတယ်။

စစ်ပွဲဆိုတာဟာ အမြဲတမ်း အရှုံးချည်းပဲဆိုတာကို ကျွန်ုပ်တို့ မမေ့သင့်ဘူး။စစ်ပွဲကို ကျွန်ုပ်တို့ ဆက်လက်ဆင်နွှဲလို့မရဘူး။စစ်ပွဲတွေ အဆုံးသတ်ရေး ကြားဝင်ဖြန့်ဖြေဖို့ ညှိနှိုင်းဖို့ အားလုံး ကြိုးပမ်းကြပါလို့ ပုပ်ရဟန်းမင်းကြီးက ဆိုခဲ့တာပါ။

အသက် ၈၇ နှစ်ရှိပြီဖြစ်တဲ့ အာဂျင်တီးနားနိုင်ငံသား ပုပ်ရဟန်းမှာ လှုပ်ရှားသွားလာမှုဆိုင်ရာ ပြဿနာတွေကြုံနေရပြီး မကြာသေးခင်က အအေးမိတာတွေ အဆုတ်ပြဿနာတွေနဲ့ ကြုံတွေခဲ့ ရတာပါ။

သူကျန်းမာရေး မကောင်းတာကြောင့် သူပြောဖို့ ရေးသားထားတဲ့ စာတွေကို သူ့ရဲ့ လက်ထောက်ကို ပြောပေးခိုင်းခဲ့ပြီး ပုပ်ရဟန်းမင်းကြီးဟာ အများပြည်သူတွေနဲ့ တွေ့ဆုံမှုအကန့်အသတ် ပိုများလာတယ်လို့ သိရပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ ငြိမ်းချမ်းရေးအတွက် မကြာခဏ တိုက်တွန်းပြောဆိုလေ့ရှိပေမယ့် သူ့ရဲ့ပြောဆိုမှုတွေက တခါတလေမှာ ပြစ်တင်ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။

မကြာသေးခင်က ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး ပြောကြားရာမှာ ပုပ်ရဟန်းမင်းကြီးက ယူကရိန်းအနေနဲ့ အလံဖြူထောင်ဖို့ သတ္တိရှိသင့်တယ်လို့ ပြောခဲ့တာကြောင့် အများရဲ့ ဝေဖန်မှုနဲ့ ကြုံတွေ့ခဲ့ရပါသေးတယ်။

နောက်ပိုင်းမှာ သူ့ရဲ့ လက်ထောက်ဘုန်းတော်ကြီး တစ်ပါးက သူ့ရဲ့ ဆိုလိုချက်မှာ ရုရှားက အရင်တိုက်ခိုက်နေတာတွေရပ်ပြီးမှာ အဲဒီလို လုပ်သင့်တာဆိုပြီး ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။ 

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.