ရေး ၊ မတ် ၂၀

မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဟာ မတ် ၁၉ ရက်နေ့က အမှတ်(၈)ပြည်ထောင်စုလမ်းမပေါ်ရှိ ရေး-ထားဝယ်လမ်းပိုင်း မလွဲတောင်နဲ့ ကလိန်အောင်ကြားမှာ နယ်မြေစိုးမိုးရေး ဆောင်ရွက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

တော်လှန်ရေးမဟာမိတ်တပ်တွေ နယ်မြေစိုးမိုးရေးအတွက် စတင်စစ်ဆေးချိန်မှာ စစ်ကောင်စီ မလွဲတောင်ဂိတ်မှ ခရီးသွားပြည်သူတွေရဲ့ သွားလာမှုလမ်းကြောင်း ပိတ်ဆို့ဖြတ်တောက်ပြီး စခန်းအတွင်း ပုန်းအောင်းနေခဲ့ကြတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

နယ်မြေစိုးမိုးရှင်းလင်းမှု ဆောင်ရွက်စဉ် စစ်ကောင်စီဘက်က တုံ့ပြန်မှု ပြုလုပ်နိုင်ခြင်း မရှိတဲ့အတွက် မဟာမိတ် ပူးပေါင်းတပ်တွေဟာ မလွဲတောင်တောင်ခြေ အလယ်စခန်းရွာရှိ သစ်တောရုံးကို ရှင်းလင်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

နယ်မြေစိုးမိုးရေး ဆောင်ရွက်ခဲ့တဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့မှာ  မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့KBDF ဒေါနတပ်ခွဲ(၄)၊ထားဝယ်ကာကွယ်ရေးအဖွဲ့ DDT ဒေါနတပ်ခွဲ(၇)၊ဝေဟင်‌ဒေါနတပ်ခွဲ(၆)၊ တနင်္သာရီ တပ်ရင်း(၁)၊ရေးသိမ်းငှက်၊Ye Defense ForceYDF ၊ ရေးပြောက်ကျားတပ် YGF ဒေါနတပ်ခွဲ(၃)၊ ABSDF‌ ကျောင်းသားတပ်မတော် တပ်ရင်း(၁)၊Ye Air Force YAF ၊ KNLA တပ်ရင်း(၂၇) တို့ ပါဝင်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – မဟာမိတ်ပူးပေါင်းတပ်ဖွဲ့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.