A firefighter extinguishes fire in a car destroyed during a Russian missile strike, amid Russia's attack on Ukraine, in Mykolaiv, Ukraine March 17, 2024. Press service of the State Emergency Service of Ukraine in Mykolaiv region/Handout via REUTERS/File Photo

ဝါရှင်တန်၊ မတ် ၂၁

ယူကရိန်းရှင်သန်ရပ်တည်ရေး အန္တရာယ်ကျရောက်နေပြီလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး အယ်လ်လွိုင်း အော်စတင်က သတိပေးလိုက်ပါတယ်။

အမေရိကန်မှာ ယူကရိန်းကို လက်နက်တွေ ဆက်လက်ထောက်ပံ့ဖို့ ငွေမရှိတော့ပေမယ့် ကိဗ်အစိုးရကို ဆက်လက်ကူညီရေး အမေရိကန်က ကတိပြုထားဆဲဖြစ်တယ်လို့ ကန်ကာကွယ်ရေး ဝန်ကြီးက ဆိုခဲ့တာပါ။

ယူကရိန်းအတွက်နောက်ထပ် ဒေါ်လာ ဘီလျံ ၆၀ ပေးအပ်ရေး ဥပဒေကြမ်းတစ်ရပ် မဲခွဲဆုံးဖြတ်ဖို့ တိုက်တွန်းချက်တွေကို အောက်လွှတ်တော် ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်က ငြင်းဆိုထားပါတယ်။

ရုရှားတပ်တွေကို ခုခံနေတာ ၂ နှစ်ကျော်ကြာနေပြီဖြစ်တဲ့ ယူကရိန်းအတွက် အကူအညီတွေ ထပ်ပို့ပေးနိုင်ရေး အိမ်ဖြူတော်က နည်းလမ်းတွေ အသည်းအသန်ရှာဖွေနေတာပါ။

ယူကရိန်းကို ထောက်ခံတဲ့ မဟာမိတ်နိုင်ငံ ၅၀ လောက်ပါဝင်တဲ့ ယူကရိန်းကာကွယ်ရေးစာချုပ် အဖွဲ့အစည်းအဝေးကို ဂျာမနီနိုင်ငံ ရမ်စတိန်းလေတပ်အခြေစိုက်စခန်းမှာ ကျင်းပစဉ်သူက အခုလို ပြောခဲ့တာဖြစ်ပါတယ်။

ယူကရိန်းရှင်သန်ရပ်တည်ရေး အန္တရာယ်ကျရောက်နေပြီး အမေရိကန်ရဲ့ လုံခြုံရေးအန္တရာယ် ရှိနေတယ်လို့ အော်စတင်က အဲဒီအစည်းအဝေးပြီးနောက် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါ တယ်။

အမေရိကန်က ယူကရိန်းရှင်သန်ရပ်တည်ရေးနဲ့ အချုပ်အခြာအာဏာတည်တံ့ရေးအတွက် လက်နက်ခဲယမ်းတွေ ဆက်လက်ထောက်ပံ့ကူညီသွားဖို့ မိမိအနေနဲ့ ဆုံးဖြတ်ထားတယ်လို့ အော်စတင်က ဆိုပါတယ်။

သုက်လွှတ်ဂလင်းကင်ဆာအတွက် ဆေးကုသမှုခံယူပြီးနောက် ပထမဆုံးခရီးထွက်တဲ့ အော်စတင်က နောက်ထပ်ရန်ပုံငွေတွေမရှိဘဲ အမေရိကန်က ယူကရိန်းကို ဘယ်လိုကူညီမလဲ ဆိုတာကိုတော့ မပြောခဲ့ပါဘူး။

ရန်ပုံငွေမပေးနိုင်တဲ့ အခြေအနေတွေကြောင့် ယူကရိန်းစစ်မြေပြင်မှာ ရိုက်ခတ်မှုတွေရှိနေပြီး ရုရှားတပ်တွေ ထိုးဖောက်နေချိန်မှာ ယူကရိန်းတပ်တွေဟာ ရှိတဲ့လက်နက်တွေနဲ့ ခံစစ်ပြင်နေရတယ်လို့ အရာရှိတွေက ပြောပါတယ်။

ရုရှားဟာ တစ်လအတွင်း ဒုံးကျည်အလုံး ၁၃၀၊ဒရုန်းတိုက်ခိုက်မှုအကြိမ် ၃၂၀ကျော်၊ပဲ့ထိန်းဗုံးနဲ့ တိုက်ခိုက်မှုအကြိမ် ၉၀၀ ကျော်ပြုလုပ်ခဲ့တာကြောင့် လေကြောင်းကာကွယ်ရေးစနစ်တွေပိုပြီး ထောက်ပံ့ပေးကြဖို့ သမ္မတ ဇီလန်စကီးက မဟာမိတ်တွေကို တောင်းဆိုထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.